Unicode
ရှောင်းကျန့်က ကုတင်ပေါ်မှာ ငုပ်တုပ်ထိုင်ပြီး ဝမ်ရိပေါ်လုပ်သမျှကို လိုက်ကြည့်နေတယ်။ဗီရိုထဲက အကျီတွေကိုတစ်ထည်ပြီးတစ်ထည်ထုတ်နေတဲ့သူကိုကြည့်ပြီး ရှောင်းကျန့်သက်ပြင်းတွေချရတာအခါခါ။ထုတ်တဲ့သူကတော့ ဘာရယ်မဟုတ်ပဲထုတ်လိုက်တာပဲ ပြီးရင် ဒါတွေအကုန်လုံး သူပဲပြန်ခေါက်သိမ်းရမှာမဟုတ်လား။ဝမ်ရိပေါ်လို ကောင်လေးက ဖွဖို့ပဲသိတာ ပြီးရင် ရှင်းဖို့တာဝန်က ရှောင်းကျန့်ပေါ်အလိုလိုကျလာမှာ။
Barကိုသွားဖို့အတွက် ရှောင်းကျန့်က shirt နေဗီပြာရောင်တစ်ထည်နဲ့ ဂျင်းပင်တစ်ထည်ကိုရွေးချယ်ဝတ်ဆင်ပြီးသွားပြီ။များသောအားဖြင့် ရှောင်းကျန့်က stylespant ပဲဝတ်တာများပေမဲ့ရောဒေသနဲ့လိုက်လျောညီထွေဖြစ်အောင် ဒီတစ်ခါဂျင်းပင်ကိုဝတ်ဆင်လိုက်တာ။ပြသနာက သူဝတ်ထားတဲ့shirtကလက်တိုဖြစ်နေတော့ ဝမ်ရိပေါ်က အပေါ်က လက်ရှည်တစ်ထပ်ကိုဝတ်စေချင်တာပဲဖြစ်တယ်။ဗီရိုထဲက အကျီတွေကိုရှာဖွေလှန်လှောနေတဲ့သူက နောက်ဆုံးတော့ ဂျင်းလက်ရှည်တစ်ထည်ကိုထုတ်ယူလာပြီး..
"ဒါလေးအပေါ်က ထပ်ဝတ်!"
ရှောင်းကျန့်က ငုပ်တုပ်ထိုင်နေရင်းနဲ့ပေါင်တစ်ဖက်ပေါ်မေးထောက်ပြီး ဝမ်ရိပေါ်ကိုထိုင်ကြည့်နေတာ။ဝမ်ရိပေါ်ပေးလာတဲ့အကျီကိုမယူသေးပဲ ရှောင်းကျန့်က မျက်လုံးတစ်ချက်လှန်ကြည့်တယ်။ပြီးတာနဲ့ ကုတင်ပေါ်ကရွေးယူထားတဲ့ အကျီတွေကို မျက်လုံးတစ်ချက်ဝေ့ပြလိုက်ပြီး..
"ဒါတွေ ဘယ်သူပြန်သိမ်းမှာလဲ!"
ရှောင်းကျန့်ကမျက်နှာထားကိုခပ်တည်တည်နဲ့ပဲမေးလိုက်တာ။ဝမ်ရိပေါ်ကဘာမှပြန်မဖြေလာဘူးသူလုပ်ပြီးသူမဟုတ်တဲ့အတိုင်း။ရှောင်းကျန့်က ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ အကျီကိုဆွဲယူလိုက်မှသာ ဝမ်ရိပေါ်ကလည်း သူ့ရဲ့အပေါ်က jacket ကိုထပ်ဝတ်လိုက်တာ။ရှောင်းကျန့်ရဲ့ဝတ်စားဆင်ယင်ပုံက ဒီလောက်ရိုးရှင်းလွန်းတာတောင် shirtကလက်တိုလို့ဆိုပြီးအလိုမကျချင်တဲ့သူက သူ့လိုများသာဘောင်းဘီမှာ အပေါက်အပြဲတွေပါရင်ဘယ်လိုများနေမယ်မသိ။ဝမ်ရိပေါ်က သူလုပ်ရင်တော့ဖြင့် အကောင်း။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]