Unicodeဆွဲခေါ်ခံရတဲ့အတိုင်း လိုက်လာခဲ့ပေမဲ့ ဘာစကားကိုမှမဆိုမိ။တင်းကျပ်စွာဆုပ်ကိုင်ခံထားရတဲ့ လက်ကောက်ဝတ်တစ်ဖက်ဟာ ပူနွေးပြီးအနည်းငယ်နာကျင်လို့နေပြီ။ဒါပေမဲ့ အရှေ့ကလူဆီကို အပြစ်တင်ဖို့ရာအတွက်ဆန္ဒတစ်စုံတစ်ရာတောင်ရှိမနေ။ဝမ်ရိပေါ်ရဲ့အခုရှုရှုရှားရှားဖြစ်နေတဲ့ပုံစံကိုရှောင်းကျန့်နားလည်နိုင်တယ် အဲ့ဒါ သူ့အပေါ်ထား
တဲ့ ဂရုဏာဒေါသကြောင့် ဖြစ်နေရတာ။နဖူးထောင့်စွန်းကသွေးစတစ်ချို့ကိုမြင်တော့ ရင်တွင်းတစ်နေရာက လှိုက်ခုန်လာတယ်။ကမ္ဘာပေါ်မှာလူဦးရေသန်းပေါင်းရှစ်ထောင်ရှိတယ်။ထပ်ပြီးခွဲခြမ်းစိတ်ဖြာကြည့်ရင် လူဦးရေသန်းပေါင်း ထဲမှာ သူနဲ့ပတ်သတ်ဆက်နွယ်ဖူးတဲ့လူတွေကို သူ့သက်တမ်းနဲ့ယှဥ်ကြည့်မယ်ဆိုရင် အနည်းငယ်လောက်ပဲရှိမယ်။အဲ့ဒီအနည်းငယ်သောလူထဲမှာမှ သူ့အပေါ်အကောင်းမွန်ဆုံးဆက်ဆံတဲ့လူက လက်ချိုးရေပြီးဖယ်ထုတ်လို့ရနိုင်တယ်။အဲ့ဒီလက်ချိုးရေလိုရတဲ့ပမာဏထဲမှာမှ သူ့အတွက်နဲ့ဘာကိုမှမမှုပဲ ကာကွယ်ပေးသူဟာ ဝမ်ရိပေါ်တစ်ယောက်ပဲရှိလိမ့်မယ်။ကမ္ဘာပေါ်မှာလူဦးရေသန်းပေါင်းရှစ်ထောင်ရှိတယ် သူ့ကမ္ဘာမှာသူ့အတွက်နဲ့ဒီလိုပြုမူနိုင်တဲ့လူကတော့ ဝမ်ရိပေါ်ပဲရှိတယ်။
သူ့ကိုဆွဲခေါ်လာခဲ့တာက ဝမ်ရိပေါ်ရဲ့အခန်းဖြစ်တဲ့VIP room ဆီ။တံခါးကိုအတင်းတွန်းဖွင့်ပြီး ပြန်စောင့်ပိတ်လိုက်တဲ့သူက အခုထိသူ့လက်ကောက်ဝတ်ကိုမလွှတ်ပေးသေး။ဝမ်ရိပေါ်က သူ့ရဲ့ကုတင်နားထိရှောင်းကျန့်ကိုတောက်လျှောက်ဆွဲခေါ်လာပြီး ကုတင်ပေါ်မှာထိုင်ခိုင်းတယ်။ငြင်ငြင်သာသာထိုင်ခိုင်းတာမျိူးတော့မဟုတ်ခဲ့ဘူး။အခုအခြေအနေက လူနာဝတ်စုံနဲ့လူကအောက်မှာဖြစ်ပြီး dutyကုတ်နဲ့လူကကုတင်ပေါ်မှာထိုင်ရက်သား။ရှောင်းကျန့်က ဝမ်ရိပေါ်လက်ထဲကသူ့လက်ကို ရုန်းထွက်ဖို့ပြင်ပေမဲ့ ဝမ်ရိပေါ်ကခပ်ဆက်ဆက်ပြန်ဆွဲလိုက်တယ်။
"ဒီလိုအခြေအနေမျိူးမှာတောင် ဘာမှမပြောပဲ ငြိမ်ခံနေတာလား!"
"........"
"ကျွန်တော်သာရောက်မလာရင် တစ်သက်လုံးအဲ့တိုင်းပဲနေဖို့တွေးနေတာလား!"
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfic__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]