Unicode"ရှောင်းကျန့်"
္အနောက်ကခေါ်သံတစ်ခုကြောင့်ရှောင်းကျန့်ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားတယ်။အနောက်ကိုလှည့်ကြည့်မိတော့ သူ့အနားကိုတစ်ဖြည်းဖြည်းရောက်လာခဲ့တာက စီနီယာ။အမှန်တိုင်းပြောရရင် ရှောင်းကျန့်က စီနီယာနဲ့သိပ်အဆက်အဆံမလုပ်ချင်တော့ဘူး။Operation caseကြောင့် သူစီနီယာအပေါ်စိတ်ခုသွားတာလည်းဟုတ်သလို အခြားသောအကြောင်းအရာမျိူးကြောင့်လည်းပါတယ်။နောက်ဆုံးမှာသူသိလိုက်ရတာက စီနီယာကလည်းသူ့အပေါ်အခြားလူတွေနဲ့ဘာမှမကွာခြားဘူးဆိုတာပဲ။အခုလိုမျိူးတစ်ဖက်သက်ဆုံးဖြတ်လိုက်ရတာက တလောကဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကြောင့်မဟုတ်ပဲ လူနာရဲ့အခြေအနေကို သူ့ကိုသတိမပေးခဲ့တဲ့အချက်တစ်ခုကြောင့်ပဲဖြစ်တယ်။
လူနာရှင်တွေရဲ့တုန့်ပြန်မှုကိုတော့ သူကတိုက်ဆိုင်မှုတစ်ခုလိုပဲသဘောထားတယ်။အခန့်မသင့်လို့ဖြစ်သွားရတာမျိူးဆိုတာထပ်ပိုမတွေးခဲ့ ဘယ်သူကိုမှအပြစ်မတင်ခဲ့။ဒါပေမဲ့ ခွဲစိတ်ခန်းမှာပါဝင်ခဲ့တဲ့ဆရာဝန်တစ်ယောက်ကို လူနာရဲ့အခြေအနေကိုအသိမပေးခဲ့တာကတော့ သူစိတ်ကိုအများကြီးထိခိုက်စေတယ်။လူနာကိုဆုံးရှုံးလိုက်ရချိန်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်က ပထမဆုံးအကြိမ်မို့ တော်တော်လေးခံရခက်စေတယ်။သို့သည်တိုင် လူနာရဲ့မျှခြေအခြေအနေကိုသိခဲ့ရင်တော့ သူကဒီလောက်ထိတော့ကိုယ့်ကိုယ်ကို အပြစ်မတင်နိုင်လောက်ဘူးမလား။
"ဟုတ်ကဲ့!"
ရှောင်းကျန့်ကအဲ့လိုလူမျိူးပဲ။မကောင်းတဲ့အတွေးတွေကိုတော့ ဘယ်သူရှေ့မှာမှထုတ်ပြလေ့မရှိဘူး။ကိုဝမ်းနာ ကိုယ်သာသိဆိုသလို ကောင်းကောင်းဆိုးဆိုးကို သူ့စိတ်ထဲမှာပဲ အမြဲထားတယ်။ဘယ်သူက ဘယ်လိုဆိုတာကို သူစိတ်ထဲမှာသိနေရင်ပဲ ဖြစ်နေပြီမဟုတ်လား။တစ်ဖက်ကမကောင်းတိုင်း သူ့ဘက်က ပြန်မကောင်းစရာမှမလိုတာပဲ။သူကမဲ့ပြရင် ကိုယ်ကလည်းပြန်မဲ့ပြဆိုတဲ့ မှန်တစ်ချက်လိုကျင့်သုံးနည်းက တကယ်တော့ လူအမျိူးမျိူးစိတ်အထွေထွေရှိတဲ့လောကကြီးမှာ အဆင်မပြေပြန်ဘူး။စီနီယာကသူ့ကိုကြည့်ပြီး အပြုံးပါးပါးတစ်ခုကိုဆင်မြန်းထားပေမဲ့ ရှောင်းကျန့်ကတော့တည်တည်ငြိမ်ငြိမ်ပဲ။တကယ်တော့ မျက်နှာထက်မှာပေါပေါသီသီအပြုံးတွေ ချိတ်ဆွဲထားတိုင်းလည်းလူကောင်းမဟုတ်ပြန်ဘူး။အမြဲမျက်နှာသေနဲ့ရှုတည်တည်နေတိုင်းလည်း လူဆိုးမဟုတ်ပြန်ဘူး။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfic__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]