Ep_32

5.1K 396 44
                                    

Unicode

Warning!

If you are underage, let me advise you not to read this episode.Thank you...

သူ့နှုတ်ခမ်းပေါ်ကိုစတင်ပြီးနမ်းရှိုက်လာတဲ့အထိအတွေ့တွေ။ရှောင်းကျန့်ကမျက်လုံးတွေကိုစုံမှိတ်ပြီး တိုးဝင်လာတဲ့နှုတ်ခမ်းနွေးနွေးတစ်စုံကို ရက်ရက်ရောရောပဲခရီးဦးကြိုပြုတယ်။ငြင်းဆန်မှုမပြုတွန်းကန်ခြင်းမရှိ!။သူ့နှုတ်ခမ်းတွေကိုတစ်လှည့်စီအလှည့်ကျစုပ်ယူနေတဲ့နှုတ်ခမ်းပိုင်ရှင်ရဲ့ လည်ပင်းထက် တင်းတင်းကျပ်ကျပ်ပဲဖက်တွယ်မိတယ်။ထုံးဖွဲ့ထားတဲ့ဆံပင်တွေဆီက  စံနှုန်းမမှီတဲ့ဆံစတစ်ချို့က သူ့မျက်နှာပေါ်ကိုဝဲကျလာတဲ့အထိအတွေ့ကိုခံစားမိတယ်။နောက်!ဝင်လေထွက်လေနွေးနွေးကိုရောပဲ..

အနမ်းတွေကပိုသိပ်သည်းလာတယ်။နှုတ်ခမ်းတွေကိုစုပ်ယူနေရင်းကနေ လျှာဖျားတွေပါတိုးဝင်လာခဲ့တယ်။အဆုံးစွန်! အဆုံးစွန်ဆိုတာအရာခပ်သိမ်းမို့ ဝမ်ရိပေါ်ရဲ့အပြုအမူတစ်ခုချင်းဆီတိုင်းအတွက် ရှောင်းကျန့်ကလက်ခံပေးထားဆဲ။အနမ်းတွေကအရှိုန်မြင့်လာလေ ရှောင်းကျန့်ကသဘောတကျပြုံးမိလေပဲ။သူနဲ့ပတ်သက်ရင် ဝမ်ရိပေါ်ကထိလွယ်ရှလွယ်လေးမို့ စိတ်လှုပ်ရှားနေတဲ့ကောင်လေးကိုတော့ဖြင့်အပြစ်မမြက်ရက်ဘူး။

အချိန်တစ်ခုကြာတဲ့အထိ ဧည့်ခန်းထက်ကဆိုဖာပေါ်မှာသူတို့နမ်းနေကြဆဲ။အသွေးအသားရဲ့လှုံဆော်မှုအရပြောင်းလဲမှုတွေကိုသတိထားမိလာကြပြီ။အထူးသဖြင့် ဝမ်ရိပေါ်!ဒီကောင်လေးက သူ့ဆီကခွင့်ပြုချက်ရတာနဲ့ထိန်းချုပ်နိုင်စွမ်းတွေပျက်ပြားသွားပုံများ။ပြင်ပလေကိုရှုရှိုက်ဖို့အတွက်ခဏတာလိုအပ်လာတော့မှသာ ဝမ်ရိပေါ်ကသူ့နှုတ်ခမ်းတွေကနေဖယ်ခွာပေးလာခဲ့တယ်။နှစ်ခမ်းနှစ်ခုဖယ်ခွာသွားချိန်မှာရယူသူရောလက်ခံသူရော နှစ်ယောက်လုံးရဲ့ရင်ဘက်တွေကနိမ့်ချည်မြင့်ချည်နဲ့။

ဝမ်ရိပေါ်က သူ့မျက်နှာကိုပဲစူစူးစိုက်စိုက်ကြည့်နေတယ်။ရမ္မက်ခိုးဝေနေတဲ့မျက်ဝန်းတွေအပြင် ဝမ်ရိပေါ်ရဲ့သွေးသားပြောင်းလဲမှုတွေကိုပါသတိထားမိထားတာမို့ ဒီအခြေအနေမှာရှောင်းကျန့်ကနည်းနည်းတော့ရှက်နေတယ်။အပြန်အလှန်ရှုထုတ်ရှုသွင်းနေကြတဲ့လေတွေကတော့ခလုတ်တိုက်ကျီစယ်နေကြစဲ။ရှောင်းကျန့်က လည်ပင်းကိုသိုင်းဖတ်ထားတဲ့လက်တစ်ဖက်ကိုဖြုတ်လိုက်ပြီး အရှေ့မှဝဲကျနေတဲ့ ဝမ်ရိပေါ်ရဲ့ဆံနွယ်ကောက်ကောက်တွေကို နားရွက်နောက်ကိုသက်တင်ပေးလိုက်တယ်။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now