Unicode
စျာပနအခမ်းအနားကျင်းပပြီးတော့ ဒီနေ့မနက်မှာဝမ်ရိပေါ်ကိုယ်တိုင်ဘွားရဲ့အရိုးပြားအိုးကိုမြစ်တစ်ခုမှာသွားကြဲချပေးခဲ့တယ်။သွားလေသူကသွားပြီမို့လို့အရိုးပြာအိုးကြီးကိုတယုတယသိမ်းထားပြီးသွားလေသူစိတ်မဖြောင့်အောင်လည်းသူမလုပ်ချင်ဘူး။ဘွားကသူ့အပေါ်ကိုအဘွားတစ်ယောက်ထက်ပိုတဲ့တာဝန်တွေကျေခဲ့သလိုသူ့ဘက်ကလည်းတာဝန်ကျေရမယ်။မမေ့နိုင်ဘူးဆိုပြီးစိတ်ဝိညာဥ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကိုချုပ်နှောင်ထားတာမျိုးကိုတကယ်သဘောမကျဘူး။နောက်ဆုံးတော့သူ့တာဝန်တွေကပြီးဆုံးခဲ့ပြီပဲဖြစ်တယ်။
ခြံဝန်းကျယ်ကြီးထဲကို အနက်ရောင်ကားတစ်စီးကမောင်းဝင်လာခဲ့တယ်။အရိုးပြာအိုးကိုသယ်ဆောင်သွားရတာမို့ ကိုယ်တိုင်ပဲကားကိုမောင်းပြီးအေးချမ်းရာအရပ်ဆီကိုသယ်ဆောင်သွားပေးခဲ့တယ်။ဘယ်သူ့ခွင့်ပြုချက်မှမယူ ဘယ်သူ့သဘောကိုမှမမေးပဲအရာအားလုံးကိုသူစိတ်တိုင်းကျစီစဥ်လိုက်တာပဲဖြစ်တယ်။ဒါပေမဲ့ဘယ်သူကမှလည်းဒီကိစ္စကိုအဲ့လောက်ထိစိတ်ဝင်စားမယ်လို့လည်းသူမထင်။စင်ဝင်အောက်မှာကားကိုထိုးရပ်လိုက်ပြီးကားထဲကနေထွက်လာခဲ့လိုက်တယ်။သူ့တာဝန်တွေကပြီးဆုံးပြီမလို့ ဒီအရပ်ကနေထွက်ခွာဖို့ပဲကျန်တော့တာသာဖြစ်တယ်။
အိမ်ထဲကိုလှမ်းဝင်ခဲ့လိုက်တော့ဧည့်ခန်းကဆိုဖာပေါ်မှာအသီးသီးထိုင်နေကြတဲ့သူတွေကိုတွေ့တယ်။နှစ်ယောက်လုံးကိုသူ့ကိုကြည့်လာတာသိပေမဲ့ ဝမ်ရိပေါ်ကအကြည့်တစ်ချက်တောင်ပြန်မစွန့်ကြဲမိဘူး။လက်ထဲကကားသော့ကိုစားပွဲခုံတစ်ခုပေါ်ပစ်တင်ပြီးတာနဲ့ခြေလှမ်းတွေကိုလှေကားပေါ်တက်ဖို့ပြင်တယ်။သူဒီကနေအမြန်ထွက်ခွာချင်နေပြီ။တစ်ယောက်သူကစောင့်နေမယ်ဆိုတာကိုသိတာကြောင့် အထီးကျန်လွန်းတဲ့ဒီနေရာ ဒီအရပ်ဒေသကနေအမြန်ပြေးထွက်ချင်နေပြီပဲ ဖြစ်တယ်။
"နေအုံး!!"
လှေကားတစ်ထစ်အပေါ်ခြေချလိုက်တဲ့ခြေထောက်တွေကရပ်တန့်ရတယ်။တစ်ခါတစ်လေကျင့်ဝတ်တွေကိုမထောက်ထားဘဲမထီမဲ့မြင်ပြုမူလို်က်ချင်ပေမဲ့လည်းစိတ်ကခွင့်မပြုခဲ့ဘူး။ဝမ်ရိပေါ်ကလှေကားပေါ်တက်မယ့်ခြေထောက်တွေကိုပြန်ရုတ်လိုက်ပြီးအသံပိုင်ရှင်ထံကိုမျက်နှာချင်းဆိုင်လှည့်ကြည့်လိုက်တယ်။ဧည့်ခန်းကကျယ်ဝန်းတာမို့လှေကားနဲ့အလှမ်းဝေးတာကြောင့် မျက်နှာချင်းဆိုင်နေကြပေမဲ့သူတို့တွေကတော်တော်လေးကွာဝေးနေကြသေးတယ်။ဒါပေမဲ့ဒီလူတွေနဲ့ နီးကပ်မနေရတဲ့ခံစားချက်ကပဲသူ့ကိုပိုပြီးစိတ်သက်သာရာရစေတယ်။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]