Unicode
ကုတင်ထက်ကခန္ဓာကိုယ်နှစ်ခုက ကြားလေသွေးလို့မရအောင်ပူးကပ်လို့နေတယ်။ခါးအထက်ပိုင်းထိလွှမ်းခြုံထားတဲ့စောင်ကြောင့် အဝတ်ဗလာနဲ့အပေါ်ပိုင်းကိုပဲတွေ့ရတယ်။အောက်ပိုင်းကိုတော့အဝတ်တွေပြန်လွှမ်းခြုံထားကြတာမို့နေရာခက်တာမျိုးရှိမနေ။ညတုန်းကလွတ်ထွက်သွားကြတဲ့ဆန္ဒပေါင်းမြောက်များစွာကြောင့် အိယာဝင်ချိန်ကအများကြီးနောက်ကျခဲ့ရတယ်။ပတ်သက်ဆက်နွယ်မှုတစ်ခုမှာ အသွေးအသားချင်းရောယှက်မှုက ရှက်စရာမဟုတ်ပေမဲ့ ပထမဆုံးဆိုတဲ့အသိမှာ နှစ်ယောက်လုံးရဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေကသွေးသားဆာလောင်မှုတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။ဒါကြောင့်ပဲ အိပ်ယာဝင်ချိန်က ထင်ထားတာထက်အများကြီးနောက်ကျခဲ့တယ်။
ဒါပေမဲ့ ဘယ်အချိန်ပဲအိပ်ယာဝင်ဝင် ရှောင်းကျန့်ကတော့ ပုံမှန်အချိန်တိုင်းမျက်လုံးတွေပွင့်လာစမြဲ။အိပ်ရေးမဝပေမဲ့လည်း ပြန်အိပ်လို့လည်းအဆင်မပြေတာကြောင့် ဒီတိုင်းလေးပဲငြိမ်ငြိမ်သက်
သက်နေလိုက်တယ်။သူထဖို့တော့အစီအစဥ်ရှိမနေဘူး။ဘာလို့ဆိုသူဒီနေ့မှာအလုပ်မတက်ဖို့ဆုံးဖြတ်ထားတာကြောင့်။ဒါက ဆေးရုံမှာဟောက်စ်ဆာဂျင်အဖြစ်စဝင်တည်းကနေ ခုချိန်ထိသူ့ရဲ့ပထမဆုံးပျက်ကွက်မှုပဲဖြစ်တယ်။ခဏနေရင်တော့ဆေးရုံရဲ့mail boxကနေခွင့်ယူမဲ့အကြောင်းmailပို့ဖို့စဥ်းစားလိုက်တယ်။သူ့ရဲ့ခါးတစ်ဝိုက်က လက်တစ်ဖက်နဲ့တင်းတင်းကျပ်ကျပ်ဖက်ထားခြင်းကိုခံရတယ်။အသက်ရှုသံမှန်မှန်နဲ့အိပ်မောကျနေတဲ့ကောင်လေးရဲ့ဝင်လေထွက်လေနွေးနွေးကတော့ သူ့နဖူးထက်ဆီရိုက်ခက်နေတယ်။အခုသူ့အခြေအနေက ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာမျက်နှာအပ်ရက်သား။ရှည်လျားတဲ့အရပ်အမောင်းနဲ့လူပေမဲ့ ချစ်ရသူရဲ့ရင်ခွင်ဆိုတဲ့အသိမှာအလံလွှင့်ထားတဲ့မာနတွေကဝပ်တွားရစမြဲ။ယောကျာ်းသားတစ်ယောက်ပေမဲ့ချစ်သူရည်းစားဆက်ဆံရေးတစ်ခုမှာတော့ ဒီအခြေအနေကိုသူကနူးညံတယ်လို့ပဲမြင်တယ်။
ညကအခြေအနေတစ်ခုကိုပြန်တွေးမိတော့မျက်နှာကဖြန်းကနဲပူတက်လာတယ်။သူ့ဘက်ကအစပျိူးပေးတဲ့ဇာတ်လမ်းဆိုပေမဲ့တက်တက်ကြွကြွဦးဆောင်ကခုန်သူဟာဒီကောင်လေးဖြစ်နေခဲ့တယ်။အတောမသက်နိုင်အောင်ပွင့်ဟလာတဲ့ဆန္ဒတွေကြောင့်ပေးဆပ်ခဲ့မှုတွေအတွက်နောင်တရမှုမျိုးမရှိခဲ့တာသေချာတယ်။သာယာမှုဆိုတာကဘယ်လိုမျိုးလဲသူသေချာမသိဘူး! ဒါပေမဲ့သူ့အတွက်သာယာမှုဆိုတာကတော့ အပေါ်ကကောင်လေးရဲ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးခြင်းပါပဲ။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]