Unicode
အရှိုန်ပြင်းပြင်းနဲ့မောင်းနှင်လာတဲ့အနက်ရောင်ဆိုင်ကယ်တစ်စီးကဟိုင်းဝေးလမ်းမထက်မှာပြေးလွှားနေတယ်။နှစ်နာရီလောက်မောင်းရအုံးမယ့်ခရီးပေမဲ့သူ့မောင်းတဲ့အရှိုန်နှုန်းနဲ့ဆိုရင်တစ်နာရီခွဲလောက်နဲ့တင်ဦးတည်ရာအရပ်ဆီကိုပြန်ရောက်နိုင်တယ်။ဖြစ်နိုင်ရင်ရွေ့လျားနေတဲ့အချိန်တွေကိုကျော်လွန်ပြီးအခုချက်ချင်းပဲပြန်ရောက်ချင်နေပြီဖြစ်တယ်။helmatမပါတာကြောင့်အရှိုန်ပြင်းပြင်းနဲ့တိုက်ခတ်လာတဲ့လေတွေက မျက်လုံးအိမ်တွေထဲထိတိုက်ရိုက်လာရောက်ရိုက်ခတ်တယ်။မျက်လုံးတွေကကျိန်းစပ်လာတာကြောင့် မျက်ဝန်းတွေကိုမှေးကျဥ်းထားပေမဲ့ အရှိုန်ကိုတော့ဖြင့်တစ်ချက်မှမလျော့မိဘူး။
ဒီခရီးကိုလွန်မြောက်လာပြီးရင် ပိုကောင်းတဲ့အရာတွေပဲ ဖြစ်လာတော့မှာ။အတူရှိနေရရင်ဆိုတဲ့အသိဟာတွေးမိရုံနဲ့တင်နွေးထွေးရတယ်။ပြန်ရောက်တဲ့အခါတစ်သက်တာအတွက်ခိုလှုံနိူင်ခွင့်ကိုတောင်းမယ်။သူသိတယ် သူဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေအဲ့ဒီလူကလက်ခံမယ်ဆိုတာ။အချိန်မတန်သေးဘူးဆိုတာသိပေမဲ့လည်းတစ်သက်လုံးအတွက်ရည်ရွယ်ထားပြီးသားမို့အချိန်တွေထပ်မဆွဲချင်တော့ဘူး။နောင်အနာဂတ်မှာဘယ်သူကမှသူ့ဘဝကိုဝင်စွတ်ဖက်ပိုင်ခွင့်မရှိတော့အောင် သူ့ဘဝပိုင်ဆိုင်ခွင့်ကိုအဲ့ဒီလူဆီအပ်နှံမယ်။
လိုအပ်တယ်!အမြဲတမ်းအတွက်လိုအပ်နေတာမို့ သူ့အတွက်တော့ဒီလူရှိမှရမယ်။တစ်သက်လုံးခြယ်လှယ်ထားပိုင်ခွင့်ကိုလည်းပေးမယ် ချုပ်ကိုင်ထားချင်တယ်ဆိုလည်းဖြစ်စေရမယ်။ဘဝရဲ့ရည်မှန်းချက်တွေကိုလည်းဒီလူနဲ့အတူပြည့်အောင်ဖြည့်ဆည်းမယ်။အိမ်မက်တွေကိုအကောင်အထည်ကိုဖော်ပြီး မောပန်းတဲ့အချိန်တွေရှိလာတဲ့အခါ ဒီလူ့ရဲ့ပေါင်ပေါ်မှေးစက်ပြီးပင်ပန်းသမျှကိုဖြေဖျောက်မယ်။အလိုမကျတဲ့အခါတစ်ဗြစ်တောက်တောက်ပြောဆိုသံလေးကိုလည်းမငြီးမငြူပဲနားထောင်မယ်။ဒါကြောင့်ပိုင်ဆိုင်နိုင်ခွင့်မှန်သမျှကိုခင်ဗျားကပဲရယူပေးမှရမယ်။
ဆိုင်ကယ်မောင်းနေသူ့ရဲ့နှုတ်ခမ်းတွေကကော့ညွှတ်တက်လာတယ်။သက်ဆိုင်သောအကြောင်းအရာလေးတွေကိုတွေးမိရုံနဲ့တင်ဝဲဘက်ရင်အုံကတအုံနွေးနွေးလှိုက်ခုန်လာတယ်။စိတ်ညစ်ညူးစရာတွေဟာဒီလူ့အကြောင်းကိုတွေးလိုက်ရင်ဖြင့် ရုတ်ချည်းဆိုသလိုပျောက်ကွယ်ရတယ်။လက်ဖဝါးထက်ကနာကျင်မှုတွေကိုလည်းမသိတော့ဘူး။နောက်အရှိုန်ပြင်းပြင်းတိုက်ခတ်နေတဲ့လေပြေရိုင်းတွေရဲ့စပ်ဖျဥ်းဖျဥ်းအရသာကိုလည်းမခံစားမိတော့ဘူး။အရာခပ်သိမ်းကဒီလူဖြစ်နေရုံတင်အကြောင်းပြချက်မဲ့တယ်။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfic__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]