Unicode
ဆေးရုံဝင်ပေါက်ဝမှာ ရပ်စောင့်နေရင်းနဲ့ ရှောင်းကျန့်လက်ကနာရီကိုတစ်ချက်ကြည့်မိတယ်။မနေ့ကတည်းက အဆက်အသွယ်လုပ်ထားသူတွေဟာ ယခုရောက်သင့်တဲ့အချိန်ထက် တော်တော်လေးကိုနောက်ကျနေပြီမို့လို့။ဖုန်းဆက်လို့ရပေမဲ့ လမ်းခရီးမှာအနှောင့်အယှက်တစ်ခုခုဖြစ်မှာစိုးလို့ သူမဆက်ဖြစ်ခဲ့။လမ်းမထက်ကို မျှော်ကြည့်နေရင်းနဲ့ပဲ စောင့်ဆိုင်းနေခဲ့တယ်။ဒီနေ့ဟာ ဆေးရုံရက်ချိိန်းပြည့်ပြီမို့လို့ မလာဖြစ်မှာတော့ မဟုတ်လောက်ဘူးဆိုတာ ကျိန်းသေပင်။
ဆေးရုံရဲ့ထောင့်နရံတစ်ခုကို လက်ပိုက်မှီထားရင်းနဲ့ပဲ သက်ပြင်းမောတစ်ခုကိုချမိတယ်။စောင့်မျှော်နေတဲ့သူတွေရောက်လာတဲ့အခါ ဟန်ကိုယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုပြင်ဆင်ထားရတယ်။သူအဆင်ပြေကြောင်း သန်မာစွာနေထိုင်ကြောင်းကိုပြသနိုင်ဖို့အတွက်။အမြဲတမ်းတွေးပူတက်တဲ့ အားရီကို စိတ်ချစေချင်သလို လူကြီးလေးလို ဆုံးမတက်သူလေးကိုလဲ ပျော်စေချင်တယ်။ဒါပေမဲ့ လူကြီးလေးလိုပြူမူတက်သူလေးကအခုတစ်ခါမှာရော ဘယ်လိုနွမ်းလျစွာ ရောက်ချလာပါအုံးမလဲ!။
ရှောင်းကျန့်က စောင့်ဆိုင်းနေရင်းနဲ့အနောက်ကနေ သူ့ကိုတစ်စုံတစ်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားမိတာကြောင့် အနောက်ကိုချက်ချင်းလှည့်ကြည့်လိုက်မိတယ်။သူခန့်မှန်းချက်တွေက ဘယ်တော့မှမမှားခဲ့ကြောင်း အနောက်မှာ အိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ပြီး မတ်တပ်ရပ်နေသူက သက်သေပင်။အမြဲတမ်းပြုမူလိုက်ရင်အထိတ်တလန့်ဖြစ်အောင်အထူးအဆန်းပေမဲ့ ပကတိတည်ငြိမ်နေတဲ့မျက်ဝန်းတွေက သူဘာကိုမှအမှားအယွင်းမလုပ်ထားသလို။
ရှောင်းကျန့်က တစ်ချက်သာကြည့်ပြီး နေမြဲအတိုင်းနရံကိုမှီပြီး အရှေ့ကို ပြန်လှည့်လိုက်တယ်။အရေးတယူလုပ်ပြီး ပတ်သက်စရာအကြောင်းအရင်းမှရှိမနေတာပဲ။ဒါပေမဲ့ ခဏအကြာမှာ သူ့ဘေးနားကို အတူယှဥ်လာရပ်လိုက်တာကို ခံစားမိတယ်။ရှောင်းကျန့်ဘေးကိုရုတ်တရက် လှည့်ကြည့်လိုက်မိတယ်။နေရာတွေအများကြီးထဲမှာမှ ဘာကိစ္စနဲ့သူ့ဘေးနားကိုမှ လာရပ်ရတာလဲ။ရှောင်းကျန့်က လက်ပိုက်ကိုဖြုတ်ပြီး ဆေးရုံဝင်ပေါက်ရဲ့ ဆန့်ကျင်ဘက်အခြားနရံဆီကို သွားရပ်နေလိုက်တယ်။သူ့အပြုအမူတွေက ကလေးဆန်နေလားမသိပေမဲ့ မတက်နိုင်ခဲ့။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfic__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]