Ep_18

4.6K 463 32
                                    

Unicode

ထမင်းစားဆောင်ရဲ့ စားပွဲလွတ်တစ်နေရာမှာ ရေှာင်းကျန့်တစ်ယောက်တည်း။ပန်းကန်ထဲက ထမင်းနဲ့ဟင်းတွေကို စိတ်မပါစွာပဲ စားနေမိတယ်။သူ့ရဲ့လှုပ်ရှားမှုတွေက ပုံမှန်ထက် သိပ်ကို နှေးကွေးလွန်းနေတယ်။ကောင်းကင်ပေါ်က နေရောင်ခြည်ဖျော့ဖျော့က မှန်ပြတင်းပေါက်တွေကနေတစ်ဆင့်ထိုးဖောက်နေတယ်။ဒီရက်တွေမှာ နေကတအားပူလွန်းပြီး မိုးသိပ်ရွာလေ့မရှိဘူး။ဒါပေမဲ့ ရှောင်းကျန့်ကတော့ ထီးအမဲရောင်လေးကို မမေ့မလျော့ယူလာမိတုန်းပဲ။

နှစ်ရက်ရှိပြီ။ဒီနေ့နဲ့ဆို အရိပ်အယောင်တောင်မမြင်ရတာ နှစ်ရက်မြောက်တဲ့နေ့။တစ်ချိန်က သူသိပ်လိုချင်ပါတယ်ဆိုတဲ့ ဒီအခြေအနေကို အခုရနေခဲ့ပြီ။တစ်ဖက်က တကယ်ပဲ ပြတ်သားနိုင်သွားပြီဆိုရင် ဒါသူလိုချင်ခဲ့တဲ့ အခြေအနေပဲမဟုတ်လား။အရင်ကဖြစ်စေချင်သလို အရာအားလုံးကပြီးသွားပြီဆိုရင် သူသိပ်ပျော်နေရမယ်မဟုတ်လား။သူ့အမြဲဖြစ်ချင်ခဲ့တဲ့ အနှောင့်အယှက်ကင်းကင်းနဲ့ သာမန်ဘဝတစ်ခု။
ဒါပေမဲ့ ဘာလို့သူမပျော်ရတာလဲ။

အရာအားလုံးကိုအစကနေပြန်တွေးကြည့်တယ်။သူတို့တွေဘယ်ကနေစပြီး မှားခဲ့ကြတာလဲ။မဟုတ်ဘူး!တကယ်တော့မှားခဲ့တာ သူတစ်ယောက်တည်း။မထိန်းချုပ်နိုင်ခဲ့ဘူး မရောင့်ရဲနိုင်ခဲ့ဘူး။တစ်ယောက်တည်းဆိုတဲ့ အသိနဲ့နေလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ သိမ်ငယ်ပြီး တစ်စုံတစ်ခုကိုတွယ်တာမိသွားတယ်ထင်ပါရဲ့။အဲ့စိတ်ကမကောင်းဘူးဆိုတာသိပေမဲ့ ေရှ့ဆက်တိုးမိနေတာမျိူး
။ဘာကြောင့်လဲ ဆိုပြီး ကိုယ့်ကိုယ်ကိုပြန်မေးတဲ့မေးခွန်းတွေမှာ အံဩလောက်အောင်ယုံကြည်မှုတွေပါဝင်နေတယ်။

မျက်လုံးတွေကမညာတက်ဘူး။စူးရှရှမျက်ဝန်းတွေထက်က နင့်နင့်သည်းသည်းအကြည့်တွေက ခိုဝင်ဖို့်လုံလောက်ပါတယ်ဆိုပြီး အကြောင်းပြချက်တွေပေးနေသလို။တစ်ကယ်တော့ သူ့ဆီမှာလဲ အလွှာပါးလေးတစ်ထပ်ပဲကျန်တော့တာ။ရှိစုမဲ့စုမာနလေးကို အားနဲ့မာန်နဲ့ ပြန်ဆွဲထားပြီး စည်းတွေမကျော်အောင်ထိန်းသိမ်းထားခဲ့ရတာ။အခုတော့အရာအားလုံးက ကမောက်ကမဖြစ်နေသလို။ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကိုပြန်စဥ်းစားမိတယ်။အရိပ်လေးတောင်မတွေ့ရတဲ့သူကြောင့် သူ့တကယ်ပဲမှားခဲ့တာထင်တယ်။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now