Unicode
အောက်စီဂျင်ပိုက်တွေကြားမှာလုယက်ရှုနေရတဲ့အသက်ရှုသံခပ်ပြင်းပြင်းတွေ။လက်ခုံပေါ်ကသွေးကြောတွေကိုဖောက်ထားပြီး ဆက်သွယ်ထား
တဲ့ပိုက်တွေမှာလည်း သွင်းနေရတဲ့ဆေးတွေကမနည်း။ဖြစ်နိုင်ရင် မော်နီတာပေါ်ကနှလုံးခုန်နှုန်းလေးတွေကိုအရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေရတဲ့အချိန်တွေကိုအမြန်ဆုံးကျော်လွှားပစ်ချင်မိတယ်။မှေးမှိတ်နေတဲ့မျက်ဝန်းတွေပြန်ပွင့်လာမဲ့အချိန်ကိုစောင့်မျှော်နေမိတာ ရက်ပေါင်းတွေကျော်လွန်လာခဲ့ပြီ။ဆေးရုံမှာနေရတာမပျော်ဘူးမလား!ဒါဆိုအမြန်ဆုံးသတိရလာမှပေါ့။မှန်ပြတင်းပေါက်တွေကနေ နေရောင်ဖျော့တော့တော့ဝင်ရောက်လာတာကြောင့် လိုက်ကာစတွေကိုအလိုက်သင့်ပဲဆွဲချပေးလိုက်တယ်။အခုသူတို့ရှိနေတာကအိမ်တော်တဲ့သိပ်မဝေးလှတဲ့privateဆေးရုံတစ်ခု။ပဝါဖြူဖြူတစ်ခုခုကိုယူဆောင်ပြီး လက်ခုံလေးတွေကိုဖြည်းဖြည်းချင်းပဲပွတ်သုတ်ပေးနေမိတယ်။ခြောက်သွေ့ပြီးကျုံနေတဲ့အရေအပြားတွေက သူမရဲ့အသက်အရွယ်အိုမင်းမှုကိုဖော်ပြနေသလိုပင်။သန့်စင်မှုပြီးဆုံးသွားတဲ့အခါ လက်ဖဝါးတစ်ဖက်ကိုဆွဲယူပြီးသူ့ပါးပြင်နဲ့ အပ်ထားမိခဲ့တယ်။အောက်စီဂျင်maskအောက်က မျက်နှာဖြူလျော့လျော့ကိုပဲမမှိတ်မသုန်ငေးကြည့်နေရင်း မျက်လုံးတွေကိုမှေးစင်းချလိုက်မိတယ်။သူအများကြီးပစ်ထားခဲ့မိပြီထင်တယ်။
လျှော့ရပြီးသတိမေ့လဲသွားတယ်ဆိုတဲ့သတင်းကိုကြားအပြီးမှာသူဟာကြောင်အနေခဲ့မိတယ်။အသိနဲ့သတိကိုမခွဲခြားနိုင်တော့သလိုအဲ့ဒီအခြေအနေမှာဘာကိုဦးစားပေးဆောင်ရွက်ရမှန်းမသိ။ခေါင်းထဲမှာရှုပ်ထွေးသွားခဲ့တယ်။ဒါပေမဲ့အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့လူကတော့ သူ့ကိုအမြန်ဆုံးဘွားဆီကိုလိုက်သွားဖို့တိုက်တွန်းလာခဲ့တယ်။လမ်းခရီးမှာဂရုတစိုက်မောင်းဖို့ကိုတဖွဖွမှာပြီး အတူလိုက်မပေးနိုင်တာကိုတောင်းပန်ကြောင်းခဏခဏပြောလာခဲ့တယ်။ ဝမ်ရိပေါ်ကနားလည်တယ် တာဝန်တွေနဲ့လူကိုအပူတွေထပ်မပေးချင်ဘူး။သူနဲ့ပဲသက်ဆိုင်တဲ့ပူပန်စရာတွေကိုသူတစ်ယောက်ထဲထမ်းပိုးထားရတာနဲ့တင်လုံလောက်ပြီ။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fiksi Penggemar__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]