Unicode
နေ့လည်ရောက်တော့ ကလေးတွေရဲ့ထမင်းကျွေးချိန်ကိုရောက်လာတယ်။ဝမ်ရိပေါ်က ထိုမြင်ကွင်းကိုမမှိတ်မသုန်ကြည့်နေမိတယ်။ထမင်းမစားကြခင်မှာ ဆုတောင်းမေတ္တာပို့သသံတွေက သံပြိုင်ထွက်ဆိုလာကြတယ်။ဒီလိုမျိူးတွေရှိမှန်း ဝမ်ရိပေါ်တကယ်မသိခဲ့ဘူး။သူ့တို်အတွက်လွယ်ကူခဲ့တဲ့ ထမင်းတစ်လုပ်က
အခြားသူတွေအတွက်သိပ်တန်ဖိုးရှိခဲ့မှန်း။မေတ္တာတွေချို့တဲ့ခဲ့ကြတာချင်းအတူတူဆိုရင်တောင် သူတို့
ကတော့ပြည့်စုံနေသေးတယ်မလား။ကလေးတွေထမင်းစားပြီးကြတော့ သူတို့အလှည့်ကိုရောက်လာတယ်။ကလေးတွေကတော့ နေ့လည်အိပ်ချိန်ကိုရောက်ပြီဖြစ်တယ်။ဂေယာကအကြီးဆုံးဖြစ်တဲ့သူတွေက ဒီလိုအချိန်မှာ ကလေးတွေကိုတစ်ဖန်ပြန်စောင့်ကြည့်ပေးရတယ်။ရှောင်းကျန့်က ဝမ်ရိပေါ်ကို ထမင်းဝိုင်းဆီကိုခေါ်လာတယ်။ထမင်းဝိုင်းမှာကလူအများကြီးသိပ်မရှိဘူး။အားရီနဲ့ကလေးထိန်းအချို့လောက်ပဲ။ဒါပေမဲ့ ပြသနာက အဲ့အချိန်မှာစတာဖြစ်တယ်။စားပွဲပေါ်က ဟင်းတွေတိုင်းမှာ အကုန်လုံးကအစပ်တွေပါနေတယ်။ဒါကသာမန်တွေဟင်းတွေပေမဲ့ အရောင်လောက်တောင်ပါလို့မရတဲ့သူအတွက်တော့ သာမန်ဖြစ်နေမှာမဟုတ်ဘူး။
"ဘယ်လိုလုပ်ကြမလဲ! ဟင်းတွေအကုန်လုံးက အစပ်ပါတယ်မင်းစားနိုင်မှာမဟုတ်ဘူး"
ဝမ်ရိပေါ်နားကိုကပ်ပြီး ခပ်တိုးတိုးပြောလိုက်တဲ့စကား။
"ရတယ်"
ဝမ်ရိပေါ်ကရတယ်ပြောပေမဲ့ အဆင်မပြေနိုင်ဘူးဆိုတာ ရှောင်းကျန့်က သိတယ်။သူဝမ်ရိပေါ်ကို ခေါ်လာပြီးဒုက္ခခံခိုင်းသလိုဖြစ်သွားခဲ့ပြီလား။ရှောင်းကျန့်က ဘယ်လိုလုပ်ပေးရမှန်းမသိဘူး။
"ဘာဖြစ်လို့လဲအားကျန့်!"
ဲအခုချိန်ထိ ထမင်းပန်းကန်ကိုမထိတွေ့သေးတဲ့ရှောင်းကျန့်ကို ဘေးကအားရီကတစ်ချက်ကြည့်ပြီးမေးတယ်။ရှောင်းကျန့်က အားရီနားနားကိုတိုးကပ်လိုက်ပြီးတစ်စုံတစ်ခုကိုတိုးတိုးသက်သာမေးလိုက်တယ်။
"မီးဖိုထဲမှာပစ္စည်းအစုံရှိတယ်လေ ဘာဖြစ်လို့လဲ!"
ရှောင်းကျန့်က အားရီကိုပြောပြမှဖြစ်တော့မယ့်အခြေအနေကိုရိပ်မိလိုက်တယ်။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]