Ep 28

4.7K 378 18
                                    


Unicode

ဝမ်ရိပေါ်ကခန္ဓာကိုယ်အပေါ်ပိုင်းဗလာနဲ့ကုတင်အောက်မှာဆင်းထိုင်နေပြီး ရှောင်းကျန့်ကတော့ကုတင်ထက်မှာ နေရာယူထားတယ်။ရေချိုးပြီးသွားတော့ ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်ထက်က ဆပ်ပြာနံ့သင်းသင်းကိုရနေခဲ့တယ်။ရှောင်းကျန့်ရဲ့လက်တွေကတော့ ဝမ်ရိပေါ်ရဲ့ပုခုံးထက်ဆီမှာ ဟိုဒီပြေးလွှားနေဆဲ။အကြောင်းကဝမ်ရိပေါ်ရဲ့ပုခုံးပေါ်ကဒဏ်ရာကိုရှောင်းကျန့်ကဆေးလိမ်းပေးနေခြင်း။အနည်းငယ်အညိုအမဲဆွဲနေတဲ့နေရာကို ရှောင်းကျန့်က သူ့လက်ဖျားတွေနဲ့လည်းနှိပ်နယ်ပေးနေခဲ့တယ်။

"နာလား!"

လက်ကအားသိပ်မထည့်ထားပေမဲ့ ရောင်ရမ်းနေတာမို့ အဆင်မပြေဖြစ်မှာစိုးတာကြောင့် ဝမ်ပေါ်အတွက်အဆင်ပြေလားမေးယူရတယ်။

"ဟင့်အင်း"

"ပုခုံးက အညိုအမဲတောင်ဆွဲနေတယ် ဘယ်လောက်တောင်မှအရှိုန်နဲ့ပစ်ကျလဲမသိ!"

ရှောင်းကျန့်ကဆူပူကြိမ်မောင်းသလိုညည်းညည်းညူညူလေးပြောတယ်။ဒီလိုအချိန်တိုင်းဆိုဝမ်ရိပေါ်က ဘာမှပြန်မပြောပဲ ငြိမ်ငြိမ်လေးပဲနားထောင်လေ့ရှိတယ်။

"မနက်ဖြန်တစ်ရက်လောက်တော့နားလိုက်ပါလား!"

"နားလို့မရဘူး ပြိုင်ပွဲကနီးလာပြီ!"

ရှောင်းကျန့်က ဆေးလိမ်းခြင်းကိုအဆုံးသက်လိုက်ပြီး သက်ပြင်းကိုချလိုက်တယ်။ဝမ်ရိပေါ်က ဒါကိုကြားဖြစ်အောင်ကြားလိုက်သေးတယ်။ရှောင်းကျန့်စိုးရိမ်နေတာကိုသူသိပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်တစ်ခုပြည့်မြောက်ဖို့အတွက်သူ့ဒါကိုလုပ်မှပဲဖြစ်မှာ။ဘယ်သူ့ရဲ့ပယောဂမှမပါတဲ့သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ဒီလူ့ဆီကိုလက်ဆောင်တစ်ခုယူလာပေးချင်တယ်။ဝမ်ရိပေါ်ကထိုင်နေရာကနေထလိုက်တယ်။

ကုတင်ပေါ်က အဆင်သင့်ထုတ်ယူထားတဲ့အကျီတစ်ထည်ကိုကောက်ဝတ်လိုက်တယ်။ပြီးတာနဲ့ ကုတင်ပေါ်ကိုတက်လိုက်ပြီး ရှောင်းကျန့်ရဲ့ပေါင်နှစ်ဖက်ပေါ်ကို ခေါင်းအုံးလို့လှဲချလိုက်တယ်။နေရာအတည်တကျချပြီးတာနဲ့လက်နှစ်ဖက်ကိုပိုက်လိုက်ပြီး မျက်လုံးတွေကိုမှေးစင်းချလိုက်တယ်။မကြာခင်အချိန်မှာပဲ ရှောင်းကျန့်ရဲ့လက်ဖဝါးတစ်ဖက်က သူ့ခေါင်းပေါ်ရောက်လာပြီး လက်ချောင်းတွေကသူ့ဆံပင်တွေထဲကို ထိုးဖွဝင်ရောက်လာတယ်။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now