Ep_4

5.7K 497 12
                                    

Unicode

အရောင်းဝန်ထမ်းကောင်လေးက သူ့မျက်နှာကို တစ်ချက်တစ်ချက်ကြည့်ပြီး ခြင်းထဲကပစ္စည်းတွေကို အိတ်တစ်ခုထဲ ခပ်သွပ်သွပ်ကောက်ထည့်တယ်။တကယ်ဆိုရင် ကောင်လေးမှာအပြစ်မရှိပါပဲ တစ်ဖက်ကိုဒေါသထွက်ပြီး သူပြုမူလိုက်မိတာ။တစ်ဖက်က တမင်တကာလုပ်နေမှန်းသိနေတော့ လျစ်လျူရှုမထားပေးနိုင်ပဲ အရှေ့မှကောင်လေးကိုမဲမိသလိုဖြစ်သွားတယ်။အားနာပေမဲ့လည်း သူ့ဘာစကားမှမဆိုပဲမျက်နှာကိုတည်တင်းထားမိတယ်။အခွင့်အခါကြုံရင်တော့ကောင်လေးကို သူသေချာပေါက် ရှင်းပြဖို့တွေးထားမိတယ်။

ကျသင့်ငွေရှင်းနေတဲ့တောက်လျှောက်မှာ ဘေးကတစ်ယောက်က သူ့ဆီတစ်ချိန်လုံးကြည့်နေတယ်လို့ခံစားမိတယ်။စိတ်ထဲ ဖြိုးကနဲဖျဥ်းကနဲပဲ။ရှောင်းကျန့်ကအပူအပင်ကင်းတဲ့သူမျိူး ဘဝကို အေးအေးချမ်းချမ်းနဲ့တိတ်တဆိတ်ပဲ ဖြတ်သန်းချင်တဲ့သူ။ဘယ်သူနဲ့မှ ဖက်လှဲတကင်း ပတ်သက်ချင်စိတ်မရှိသလို ဘယ့်သူရဲ့ဘဝထဲမှာမှ ပါဝင်လိုခြင်းမရှိဘူး။တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးရန်စဆိုရင် ပိုလို်တောင်မရှိချင်ဘူး။ဘေလ်ရှင်းပြီးတာနဲ့ ထုတ်ပိုးထားတဲ့အိတ်လေးကို ဆွဲယူပြီးထွက်လာခဲ့တယ်။
.
.
"ကဒ်နဲ့ ရှင်းလို့ရလား"

"ရတယ်အကို!"

ရိပေါ် အိပ်ကဒ်ထဲက ကဒ်တစ်ကတ်ကို ထုတ်ပြီး ကောင်လေးကိုအမြန်ပေးလိုက်မိတယ်။ကျောခိုင်းသွားသူထံအမှီလိုက်ခဲ့ဖို့ရာ ဆန္ဒစောခဲ့မိတယ်။ငွေရှင်းပြီးတာနဲ့ကောင်တာပေါ်က စီးကရက်နှစ်ဘူးကိုကောက်ယူပြီး အလျင်အမြန်ပဲထွက်လာခဲ့လိုက်မိတယ်။

"အကို ကျေး..ဇူး"

အရောင်းဝန်ထမ်းကောင်လေး အနောက်မှာဘယ်လိုဘယ်ပုံကျန်ခဲ့တယ် မသိတော့။တစ်ဝက်တစ်ပြတ်စကားကိုသံကိုလည်း နားမထောင်နိုင်တော့ပဲ လှည့်ထွက်လာမိတာချာကနဲ။ဆိုင်ရှေ့ရောက်တာနဲ့ helmet ကိုဆောင်းပြီး ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့တော့ မလှမ်းမကမ်းမှာ အိတ်တစ်လုံးဆဲွဲပြီး လမ်းလျှောက်နေတဲ့သူကိုမြင်တယ်။စိတ်အနှောင့်အယှက်ဖြစ်သွားတယ်ဆိုတာကို သိတာ​ကြောင့် ထပ်ပြီးမနှောင့်ယှက်တော့လို။တစ်ကြိမ်ကနေ နှစ်ကြိမ် သူ့ကြောင့်နဲ့စိတ်ရှုပ်ရပြီဆိုရင် ဒါသူလွန်သွားပြီလို့သက်မှတ်တာကြောင့်။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now