1

3.7K 227 9
                                    

ဆိုးသွမ်းလွန်းတဲ့ဒုသခင်လေး

ချွန်ဆောင်းမြို့ငယ်လေးရှိ အစိုးရလုံခြုံရေးဌာန၌။

"ဂျီမင်းရဲ့ အုပ်ထိန်းသူလားခမျ''

''ကျွန်မက ဂျီမင်းရဲ့ အမေပါ။''

ချွဲဟေမင်သည် ရဲစခန်းအတွင်း ခြေချနေရသည့်အတွက် အနည်းငယ် ရှက်ရွံ့သိမ်ငယ်နေမိသည်။

''ကျွန်မရဲ့သား အဆင်ပြေရဲ့လားရှင့်.. ထိခိုက်ဒဏ်ရာတွေများ ရသွားသေးလား? ဆေးဖိုးဝါးခကရော ဘယ်လောက်ကျသလဲ? သူသာ မြန်မြန်လွတ်လာမယ်ဆိုဘယ်လောက်ဖြစ်ဖြစ်ပေးနိုင်ပါတယ်။''

ရဲဖြစ်သူမှာ ခေါင်းပင်မော့မလာ။ လှုပ်ရှားမှုမှာ ကျွမ်းကျွမ်းကျင်ကျင်ရှိရပြီး ညာဘက်လက်က ဖိုင်တွဲကြားထဲရှိ စာရွက်တစ်ရွက်အား ကမ်းပေးလာသည်။

"အဲ့ဒါတွေ နောက်မှပြော... ဖောင်ကိုအရင်ဖြည့်ပေးပါ''

ခဏအကြာ၌ ထိုရဲမှာ လက်ထဲရှိ အလုပ်များ ပြီးမြောက်လို့ သွားပြီဖြစ်သည့်အတွက်
ဘောပင်အဖုံးအား ပိတ်လိုက်ပြီး ခေါင်းမော့လာလျက် ဆိုလိုက်၏။

''ခများသားက တော်တော်ထက်တာပဲ။
တစ်ယောက်နဲ့ ငါးယောက်ယှဉ်ချတယ်။ ပြီးတော့လူကိုရိုက်တယ်။ တစ်ဖတ်လူက အတွင်းဒဏ်ရာတွေဗလပွနဲ့။ဆေးရုံသာ
မသွားရင် သတိထားမိမှာမဟုတ်ဘူး''

ချွဲ​​ဟေမင်မှာ တစ်ကိုယ်လုံးတောင့်တင်းလို့သွား၏၊ မျက်နှာအား မည်သို့ထားရမည်မှန်းလည်းမသိတော့ပေ။

ရဲအုပ်သည် သူမအားတစ်ချက် ငုံ့ကြည့်လိုက်
ပြီးနောက် အမေးရှိလာ၏။

''ခများတို့က ဒီကမြို့ခံ​တွေ မဟုတ်ဘူးမလား?''

ချွဲ​ဟေမင်သည် ပြန်ဖြေကြားလိုက်သည်။

"ကျွန်မတို့က ဆိုးလ်မြို့ကပါ။"

ဂျီမင်း ဒီတစ်ခေါက်ရန်ဖြစ်ခြင်းသည်
အရင်တုန်းကတွေထက် အခြေအနေ ပြင်းထန်သည်ဟု မဆိုသာ​သေး။ သို့တိုင် ရဲတိုင်လိုက်သည့် တပည့်သုံးလေးယောက်၏ နှုတ်ထွက်စကားအရဆိုရင်တော့ သူတို့အစ်ကိုကြီးသည် အနိုင်ကျင့်ခံရပါတယ် ၊ မြေကြီးပေါ် ချုပ်ထားပြီး ထိုးနှက်ခံနေရပါတယ်ဟူ၍။

My Boyfriend In SectionC (Completed)  Where stories live. Discover now