16

858 95 29
                                    

အရှေ့ဆောင်အစ်ကိုကြီးရဲ့ မှတ်သားဖွယ်
ချဥ်းကပ်နည်းပေါင်းချုပ် အပိုင်း(၁)

ဂျီမင်းသည် နှစ်ညသာ အိပ်ပြီး ကျောင်းပြန်လာရမည် ဖြစ်လေရာ ဘာပစ္စည်းမှ
ယူမနေတော့ချေ။ ချွဲဟေမင်ကသာ အတော်လေး အာရုံစိုက်လျက်ရှိချေသည်။

''မင်းလွယ်အိတ်တော့သယ်လာခဲ့ဦး ၊ အိမ်စာတို့ဘာတို့လုပ်ရမယ့်ဟာတွေယူလာခဲ့ ၊
ကျန်တာတွေကတော့ အိမ်မှာအကုန်ရှိတယ်''

"အင်း...သိပြီ ၊ ကျွန်တော်ကိုယ့်ဘာသာကြည့်
လုပ်လိုက်မယ်''

ဂျီမင်း တစ်ကိုယ်လုံးထက်၌ ဖုန်းရယ်၊ ပိုက်ဆံ အကြွေတွေရယ်ကလွဲလို့ ပစ်ဖို့မေ့နေသည့် အံ့ဖွယ်အိမ်စာ စာရွက်ကလေးသာလျှင်ပါလေသည်။

ကျောင်းပေါက်ဝကနေ ထွက်လာအပြီးမှာတော့ ပက်ခ်အိမ်တော်၏ ဒရိုက်ဘာက ကားအကောင်းစားကြီး မောင်းပြီး အဆောင်အပေါက်ဝ၌ လာစောင့်နေတာတွေ၊ဘာတွေမလုပ်ဘူးဆိုတာသေချာပြီဆိုမှ ဘတ်စ်ကားဂိတ်ဘက် လျှောက်လို့လာခဲ့လိုက်သည်။

''ရာသီဥတုက ဒီလောက်ပူနေတာ၊ လာကြိုခိုင်းမယ်ဆိုတော့လည်း မင်းကလက်မခံဘူး ၊ နေအပူခံပြီး လူလည်းတိုးနေရဦးမယ့်ဟာ၊ လမ်းမှာဂရုစိုက်ဦး။''

ဂျီမင်းသည် "အင်း"ဟုဆိုလိုက်ပြီးနောက်
ဖုန်းချ လိုက်တော့သည်။

ဂျီမင်းအတွက်မူ တကယ်တမ်းကျ မွေးနေ့
ဆိုသည့်အပေါ် မည်သည့်ခံစားချက်အတွေးမျိုးမှရှိမနေချေ။ သူ့မှတ်ဉာဏ်တွေထဲကမွေးနေ့ဆိုသည်မှာ ကိတ်မုန့်ဆိုတာမရှိ ၊
ဘာအံ့ဩစရာတို့မှလည်းရှိမနေခဲ့ပါ။
ပျော်ပွဲရွှင်ပွဲဆိုတာတွေ ဘာတွေလည်းရှိမနေပါဘဲ ပူပူနွေးနွေး ခေါက်ဆွဲတစ်ပွဲသာလျှင်ရှိသည်။

ပိုက်ဆံချွေတာဖို့ရာအတွက် ချွဲ​ဟေ​မင်မှာ မွေးနေ့မကျင်းပနိုင်ခဲ့ချေ။ သို့တိုင် နှစ်တိုင်းနှစ်တိုင်း ဂျီမင်း၏မွေးနေ့မှာတော့ သူမသည် ခေါက်ဆွဲတစ်ပွဲလုပ်လို့ပေးတတ်သည်။ ထိုခေါက်ဆွဲသည် ပါတီတွေ၊ Supriseတွေထက် ပို၍အနှစ်သာရ ပြည့်ဝခဲ့ကာ နွေးထွေးလွန်းခဲ့ပေသည်။

My Boyfriend In SectionC (Completed)  Where stories live. Discover now