25

917 97 31
                                    

ကလေးလေးဆီမှ အနမ်းတစ်ပွင့်

ဂျီမင်းပြောလို့ပြီးနောက် အတော်ကြာသွားသည် အထိ ဂျောင်ကုဆီမှ ဘာစကားမှဆိုမလာခဲ့။

ထိုငပေါကောင်က ဤနေရာ၌ ခြေလက်
လေးချောင်းလုံး အကောင်းပကတိအတိုင်းရပ်တည်နေနိုင်လိမ့်မည်ဟု မျှော်လင့်မထားဟန်တူသည်။ ပုံမှန်ဆို ဒရာမာခင်းလွန်းလှပါသည့် လူတစ်ယောက်သည် ယခုကျ ဆွံ့အနေသူတစ်ယောက်အလား ထိုအတိုင်း သူ့အား တံခါးရွက်ထက် ဖိလို့ထားပြီး စိုက်သာကြည့် နေလေသည်။

သူမသိဘဲရှိသည်မှာ ယခုဂျောင်ကု စိတ်ထဲ
တွေးနေသည်များကိုပင်။ ရင်ထဲတွင် မီးရှူးမီးပန်းတွေက ပေါက်နေတာ ဘယ်နှစ်ခါလောက်တောင် ရှိပြီလဲ။ ဘယ်လိုတောင် ပေါက်ကွဲလို့ မပြီးနိုင်နေသေးရတာလဲ။

ဂျီမင်း၏ လက်ကောက်ဝတ်မှာလည်း သူ့လက်ထဲ ဆုပ်ကိုင်ခံထားဆဲဖြစ်လေရာ သည်းမခံနိုင်တော့ဘဲ ရုန်းမိတော့သည်။

''ကြည့်လို့ဝပြီလား''

''ဟင့်အင်း''

ဂျီမင်းအသံအား ကြားပါမှ ဂျောင်ကုသည်
အသိပြန်ဝင်လို့လာရပြီး နှုတ်ခမ်းစွန်းတို့ပင်
ထိန်းမထားနိုင်တော့ဘဲ ဖြည်းဖြည်းချင်း
ကော့တက်လာကာ အဆုံးတွင်တော့ ပြုံးလိုက်မိပြီး ထပ်မံဆိုလိုက်လေသည်။

''ကြည့်မဝဘူး''

ဂျီမင်းကပါ ဂျောင်ကုထံမှ ကူးစက်သွားပုံရသည်။ နှုတ်ခမ်းစွန်းတို့ ပြုံးယောင်သန်းလာသည်မှာ ပြန်တည်လို့ပင်မရခဲ့။ ရူးကြောင်ကြောင်နိုင်ချက်ပင်။ သူသည် တံခါးကို လက်နောက်ပြန် ဖွင့်ရင်းမှ ထွက်ဖို့လုပ်မိသည်။

''ပြန်တော့မယ်''

ဂျောင်ကုသည် သူ့ကိုမတားခဲ့။ ဒါပေမယ့်
နှစ်လှမ်းမျှ လျှောက်ထွက်အပြီးတွင်တော့
အနောက်မှ လှမ်းခေါ် လာခဲ့သည်။

''ဂျီမင်း''

ဂျီမင်းသည် တံခါးဖွင့်လိုက်ပြီး ကိုယ်ကို
လှည့်ကာ တံခါးကိုမှီ၍ သူ့ထံလှမ်းကြည့်လိုက်သည်။

ဂျောင်ကုသည်  တစ်ခေါက် ထပ်ခေါ်လာပြန်သည်။

''ဂျီမင်း...''

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora