35

712 83 3
                                    

ချစ်သူကောင်လေးအား ချော့မော့ခြင်းနည်းပညာ

"အစ်ကိုဂျောင်ကု...ငါမင်းကိုအဲ့လိုလူလို့ထင်မ ထားခဲ့ဘူး''

"ကိုယ့်အဖွဲ့သားတွေကိုတော့ ချန်ရစ်ထားခဲ့ပြီး ကိုယ့်Deskmateကိုယ်ဘဲ ခေါ်ပြီးပြေးတယ်ပေါ့လေ ၊ ဒီလိုအဖွဲ့ခေါင်းဆောင်မျိုး မင်းဘဲရှိတယ်''

"ကျန်တာမပြောတော့ပါဘူး မင်းတို့
နှစ်ယောက်က ဘာသွားလုပ်ကြတာလဲ?"

အဖွဲ့သားတစ်စုမှာ တစ်ယောက်တစ်ခွန်းဖြင့် ပြောဆိုတိုက်ခိုက်ပွဲကြီး ကျင်းပနေသည့်အလားပင်ရှိသည်။

ဂျောင်ကု-''တော်ကြတော့ ရပြီလုံလောက်ပြီ''

ယွန်းဂီ - ''မရပါဘူး။ ငါရေဆာတယ်။ တစ်စုံတစ်ယောက်သော တာဝန်ယူမှုမရှိတဲ့
အဖွဲ့ခေါင်းဆောင်က ငါတို့အတွက် ရေနှစ်ဘူး လောက်ဝယ်ပေးရင်တော့''

ထိုအရိပ်အမြွက်ဆိုလာမှုကတော့ ပေါ်တင်ကြီး ပါပင်။

​ဂျောင်ကုရေသွားဝယ်နေစဉ်တွင် ကျန်သူများမှာခုံတန်းရှည်ထက်ထိုင်၍ စောင့်နေကြသည်။

ဂျီမင်းသည် သူတို့လက်ထဲ ကိုင်ထားကြသည့် ပစ္စည်းတို့ထံ တစ်ချက်လှမ်းကြည့်ရင်း တဖန် ခေါင်းထောင်၍ 'Rememberအမှတ်တရဆိုင်' ဆိုသည့်ထံ လှမ်းကြည့်မိလိုက်သည်။
ဆိုင်ပေါက်ဝမှ အတွင်းသို့ လှမ်းကြည့်မိရာ
ဘာအထူးဒေသထွက်ပစ္စည်းမှမရှိဘဲ
မုန့်ပဲသရေစာအချိုပွဲ စသည်များသာလျှင်ရှိသည်။

"မင်းတို့က အမှတ်တရပစ္စည်းဝယ်ကြတာလား?"

"ဟုတ်တယ် အစ်ကိုဂျီမင်း ဒီမှာကြည့် ငါက
လည်စီးပဝါတစ်ထည်ဝယ်ထားတာ''

ဆောင်ဘင်းက အိတ်ကိုဖွင့်၍ အိတ်ထဲမှ
အနီရောင်လည်စီးပဝါတစ်ထည်အား ဆွဲထုတ် ပြသည်။

ဂျီမင်းမှာ ကြည့်ပြီးနားမလည်မိ။

''ဒါကဘာများအမှတ်တရဖြစ်လို့လဲ?''

"နည်းနည်းပါးပါးတော့ အမှတ်တရဖြစ်ပါတယ်။ တကယ်တော့ ပင်ရင်းဒေသထွက်ရယ်လို့ အရေးမကြီးဘူး အကုန်လုံးကကိုယ့်စိတ်နဲ့ဘဲဆိုင်တယ်''

ဂျောင်ကု ရေဝယ်ပြီးလို့ ပြန်လာချိန်၌
တိုးဂိုက်မှာ စတင်လို့ လူရေနေပြီဖြစ်သည်။

My Boyfriend In SectionC (Completed)  Onde histórias criam vida. Descubra agora