17

845 98 36
                                    

အရှေ့ဆောင်အစ်ကိုကြီး၏ မှတ်သားဖွယ်
ချဥ်းကပ်နည်းပေါင်းချုပ် အပိုင်း (၂)

လတ်ဆတ်သန့်ရှင်းလှသည့် နေ့သစ်တစ်နေ့၌။

//က​လေးလေး.. ဘယ်အချိန်ကျောင်းရောက်မှာလဲ//

//ဘာလုပ်နေတာလဲ??//

//ကိုယ့်ကိုသတိမရဘူးလား၊ ကိုယ် မင်းကိုကျောင်းပေါက်ဝမှာ လာကြိုမယ်လေ//

ဂျီမင်း-//မင်းဂေါက်နေတာလား?//

ဂျောင်ကု-// စကားကောင်းကောင်းလေး
မပြောနိုင်ဘူးလား? ကိုယ်ကဘဲ သက်သက်လိုက်နှောင့်ယှက်နေသလိုလို၊ ခဏနေလို့ကျောင်းရောက်ရင် အတန်းထဲဇွတ်ဝင်မသွားလိုက်နဲ့ဦး၊ ကိုယ်အိမ်သာထဲကနေ မင်းကိုစောင့်နေမယ်၊ ဒါဘဲ//

ဂျောင်ကုကို ကြည့်ရကာ အ​တန်းထဲ စော​စောရောက်နေပြီး ဘာမှလုပ်စရာမရှိ အားယားနေ
ခြင်းကြောင့် သူ့အား လာနှောင့်ယှက်နေခြင်း
ဖြစ်ပုံရသည်။

ဂျီမင်း ကျောင်းအပေါ်ထပ်သို့ ရောက်ရောက်ချင်းမှာပင် အခန်း၏ ရှေ့အပေါက်၌ တစ်စုံတစ်ယောက်သည် ခေါက်တုံ့ခေါက်ပြန့်လျှောက်နေသည်အား ဝိုးတဝါးလှမ်းတွေ့လိုက်ရသည်။ နမ်ဂျွန်သည်ကား လက်တစ်ဖက်ဖြင့် ပြတင်းပေါက်ဘောင်ကိုထောက်ထားရင်း ခေါင်းထွက်ကာ ဒီဘက်သို့လှမ်းလှမ်းကြည့်နေလေသည်။

ဂျီမင်းသည် အရေးမထားပါဘဲ လျှောက်သွားတော့မည်ပြင်ခိုက်မှာပင် အနောက်ကနေရုတ်တရက် လူတစ်ယောက်က လက်ကောက်ဝတ်အား လာရောက်ဖမ်းဆွဲကာ ဆန့်ကျင်ဘက် အရပ်ဆီသို့ သူအားဆွဲခေါ်လို့သွားတော့သည်။

ဂျီမင်းသည် ပြင်ဆင်ထား​ခြင်းမရှိပါဘဲ ထိုဆွဲရာနောက်အား လိုက်ပါလို့သွားခဲ့သည်။ အသိတရား ပြန်ဝင်လာစဉ် အခါတွင်တော့ လူကိုယ်တိုင်မှာမူ ယောက်ျားလေး အိမ်သာခန်းအတွင်း ဆွဲသွင်းခံလိုက်ရပြီးဖြစ်သည်။

''အတန်းထဲမဝင်ပါနဲ့လို့ မင်းကိုပြောထားရဲ့သားနဲ့''

ဂျောင်ကုသည် လက်ကိုလွှတ်ပေးလိုက်သည်။ အိမ်သာခန်းမှာ လူနှစ်ယောက်အတွက်မူ အနည်းငယ်ကျဥ်း​ကြပ်လှလေရာ နှစ်ယောက်သားသည် နီးနီးကပ်ကပ်ရှိနေကြရသည်။

My Boyfriend In SectionC (Completed)  Onde histórias criam vida. Descubra agora