14

862 115 31
                                    

လူရှေ့သူရှေ့မှာ ခါးလေးကိုဖွဖွလေးဖတ်လို့ထားတယ်။

မနက်(၆)နာရီအချိန်တွင် ကြော်ငြာသံတစ်ခုသည် အဆောင်ထဲရှိ ကျောင်းသားအကုန်လုံးအား ​ဆူညံပွလောရိုတ်လာစေသည်။ သူတို့သည် အိပ်ယာမှထကာ ဖိနပ်စီးဖို့ပင်
ဂရုမစိုက်နိုင်ကြတော့ပဲ အလျင်စလိုဖြင့် တံခါးကို ဖွင့်ကာ မတိုင်ပင်ထားပါဘဲ ပြိုင်တူဆဲဆိုမိကြတော့သည်။

''F**k''

''ဘယ်လိုဖြစ်တာတုန်း၊ ဘာအခြေအနေကြီးတုန်း၊ (၆)နာရီဘဲ ရှိသေးတဲ့ဟာ လူကိုမအိပ်ခိုင်းတော့ဘူးလား"

''ဘယ်ကောင် သီချင်းဖွင့်နေတာလဲကွ''

ဂျောင်ကုသည်လည်း စောင်ကို အပေါ်သို့ဆွဲယူလိုက်ပြီး သီချင်းတစ်ပုဒ်အပြီးထိ သည်းခံလိုက်ဖို့ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုအသံလွှင့်နေခြင်းက ခေါင်းကိုက်လို့လာစေပြီး ထပ်ပေါင်းဆိုသလို အပြင်ဘက်က
မပြီးနိုင်မစီးနိုင် ဆဲဆိုသံများကြောင့် သည်းမခံနိုင်တော့ချေ။

သူသည်လက်သီးကိုဆုပ်လျက် ထထိုင်လိုက်မိ၏။

''ဘာတုန်းကွာ''

ညအိပ်ထားပြီးနောက် မနေ့က(၁၅)ပတ် ပြေးထားသည့် အကျိုးဆက်က ထွက်ပေါ်လို့လာသည်။ အထူးသဖြင့် မကြာသေးခင်က ရထားသည့် ခြေချင်းဝတ်ဒဏ်ရာကလည်း ပြင်းပြင်းထန်ထန် အကြာကြီးပြေးထားသည့် ဖိစီးမှုကိုပါ ခံရသည့်အတွက် ပို၍ ဆိုးရွားလာသည်။

ဂျောင်ကုသည် ဆံပင်တွေကို ဆွဲဖွလိုက်
ပြီးနောက် ကုတင်ပေါ်မှဆင်းကာ ဖိနပ်စီး၍ တံခါးပေါက်ထံ လျှောက်လို့သွားလိုက်သည်။ တံခါးကို ဆွဲဖွင့်ပြီးနောက် အများနည်းတူ အော်ပြောလိုက်သည်။

"အဲလောက်တောင် နှောင့်ယှက်ရလားကွာ၊ စောစောစီးစီး နိုင်ငံတော်သီချင်းကို ဖွင့်နေရတယ်လို့''

ဂျောင်ကု၏ အသံသည်ကျယ်လွန်းကာ  လေယူလေသိမ်းဟာဆိုလျှင် အဆုံး၌ မသိမသာလေး မြင့်တတ်သွားသည်။ကျောင်းသားတစ်ယောက်သည် သူ့ကိုတွေ့သည်နှင့် မကျေမနပ်ဖြစ်နေသည်များကိုရပ်ကာ နှုတ်ဆက်လို့လာသည်။

My Boyfriend In SectionC (Completed)  Tempat cerita menjadi hidup. Temukan sekarang