3

1.6K 173 23
                                    

အဲ့ဒီ ​ဂျေခေ ဆိုတဲ့ လူက တော်တော်လေးကို မနှစ်မြို့စရာဘဲ

နှစ်ဖွဲ့လုံးသည် အင်အားအ​ပြည့်နှင့် အညှာအတာကင်းမဲ့စွာ ထိုး​ကြိတ်လေ​တော့သည်။

ထယ်​ယောင်းသည် ရန်မူလိုစိတ် ပြင်းပြစွာဖြင့် အပေါ်ထပ်အကျီအား ချွတ်ကာ ဖုဖုဖောင်းဖောင်း လက်မောင်းကြွက်သားများအား အလှပြ၍ ကိုယ်ခန္ဓာအတွင်းရှိ အားအင်အကုန် ညစ်ထုတ်လိုက်ကာ တစ်ဖတ်လူတို့အား သူ၏ဂိတ်ဆုံး ရောက်နေပြီဖြစ်သည့် ဒေါသကို သိရှိ​စေလိုက်သည်။

''ငါ့လက်နက်ကိုလုရဲတယ်ပေါ့ ?..လုစမ်းပါ...လာလေ...မင်းကို ငါ့လက်နက်ကို လာလုခိုင်းနေတယ်..''

'' ငါတို့လောက် အရည်အချင်းမရှိဘူးလို့သာ
ဝန်ခံလိုက်...F**k ..ငါ့မျက်နှာကို​တော့ မရိုက်နဲ့ကွ!!!''

ထိုကဲ့သို့ ပရမ်းပတာ အခြေအနေကြား၌
ဂျီမင်း၏ အကြည့်များသည် ခေါင်းဆောင်အရှိန်အဝါအပြည့်လွှမ်းမိုးလျှက်ရှိသည့် Maskနှင့်လူတွင်သာရှိနေသည်။

ထိုသူမှာ အသံပင်မထွက်ဘဲ အ​​ချောင်ခိုနေကာ မိမိနှင့်မဆိုင်သလိုပင် ပွဲဖြစ်ရာနေရာမှ ထွက်ခွာသွားချေသည်။

အချောင်ခိုတက်​သော အရည်အချင်းတို့
​​ပြည့်စုံပြောင်မြောက်လျက်ရှိသည်မှာ ထိုသူ တိတ်တိတ်ကလေး လှည့်ထွက်လာသည်ကိုပင် မည်သူမျှ မသိလိုက်ကြပေ။

ထိုရုတ်ရုတ်သဲသဲကြားမှ ထွက်ခွာလာရင်းပင်
သူသည် လက်တစ်ဖတ်ကို မြောက်ကာ ဆံပင်ကိုသေ​သေသပ်သပ်​​ဖြစ်အောင် သပ်တင်လိုက်သေးသည်။

ဂျီမင်းသည် မှတ်ချက်တစ်ခုပြုလိုက်သည်။ထိုလူသည် သူ၏ရုပ်ရည်အား အလွန်အလေးထားလွန်းပေသည်။ နွေရာသီကြီးမှာကို အကျီလက်ရှည်၊ ဘောင်းဘီအရှည်တို့ကို
ဝတ်ထားပြီး မျက်နှာထက်၌လည်း နှာခေါင်းစည်းMask တပ်ထား​သေးသည့်အတွက် သူ၏
ပုံပန်းသွင်ပြင်ကိုမူ ရှင်းလင်းပြတ်သားစွာ
မမြင်ရ​ပေ။

My Boyfriend In SectionC (Completed)  Où les histoires vivent. Découvrez maintenant