32

737 88 4
                                    

ကလေးလေး..မင်းကိုသိမ်းပိုက်ပစ်မယ်။

နှစ်ဦးသားသည် တစ်ယောက်က
လက်တွန်းလှည်းလေးကို တွန်းပြီး
ကျန်တစ်ယောက်ကတော့ တွန်းလှည်းထဲသို့
ပစ္စည်းတွေ ကောက်ထည့်လို့နေရာ ထိုခံစားချက်က သိပ်ကို နှစ်လိုဖွယ်ကောင်းသည်ဟု
ခံစားမိရသည်။ အချိန်တိုင်းလိုလို၌လည်း တစ်ဖက်လူအား ဒီဟာစားမလား၊ ဒီဟာယူမလားလှမ်းလှမ်းမေးလို့လာသေးရာ ဂျီမင်းသည် အကြောင်းအရင်းမရှိ စိတ်ထဲတွင် ''အတူနေထိုင်'' ဆိုသည့် စကားလုံးလေးလုံးအား တွေးလိုက်မိသည်။

သို့သော်ငြား သူတို့ကိုယ်ထက်တွင်ကား အမှတ်(၂)ကျောင်းဝတ်စုံကို ဝတ်လို့ထားဆဲဖြစ်ပြီး လက်ကိုင်ဖို့ပင် သိုသိုသိပ်သိပ်ဖြင့်
လေးဘက်လေးလံ၌ လူမရှိပါမှ ခဏမျှလက်ချင်းတွဲလို့ထားကြရသည်။

''ဒီဟာစားမလား ''

ဂျောင်ကုက ကပ်ရပ်နေသဖြင့် အဝေးကနေ
လှမ်းကြည့်ပါက ကောင်လေးနှစ်ယောက် ပူးကပ်ပြီး စကားပြောနေဟန်သာပေါက်ပေမည်။

''အရသာအသစ် ၊ စမ်းစားကြည့်ကြမလာ?''

ဂျီမင်းသည် တစ်ချက်လှမ်းကြည့်လိုက်ရာ အထုပ်ပေါ်၌ ငရုတ်သီးစိမ်းအရသာဟု ရေးထိုး လို့ထားသည်။

''မင်းသေချင်နေရင်တော့လည်း ငါမတားဘူး''

''အဆင်ပြေလောက်မှာပါ''

ဂျောင်ကုသည်ကား ပစ္စည်းဝယ်ရာတွင်
မစားဖူးသည်များကို ဝယ်ရတာ သဘောကျလေသည်။ ကြည့်ရတာလည်း သစ်လွင်ပြီး အခြား သူများရှေ့ ယူသွားလည်း ဘယ်သူကမှ မတို့မထိရဲသလိုမျိုးကြောင့်လည်းဖြစ်သည်။

''အရင်တစ်ခေါက်ကဆို ကိုယ် အာလူးကြော်ကိုအရသာနဲ့ဝယ်သေးတယ် ၊ ကိုယ့်အနေနဲ့ကတော့မဆိုးပါဘူး ၊ ဒါပေမယ့် ဟိုဆော့ကတော့ လာလုယူစားပြီး အန်ထွက်တော့
မလိုဖြစ်ရောလေ''

မုန့်ပဲသရေစာဆိုသည်မှာလည်း ထမင်းလုပ်၊ဟင်းလုပ်၍စားလို့မဖြစ်လေရာ သုံး၊လေးမျိုးခန့်ရွေးအပြီးမှာတော့ သူတို့လည်းဆက်ပြီး
မယူတော့ချေ။ ဘေးပတ်ပတ်လည်၌
သွားသွားလာလာဖြင့် အသံတို့ကလည်း ပိုလို့ဆူညံလာချိန်မှာတော့ ဂျီမင်းသည် လက်ကို
လွှတ်ချင်၍ ရုန်းမိရပေမယ့် ဂျောင်ကုက
လွှတ်မပေးချေ။

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora