43

693 79 10
                                    

ဒီလို အဖိုးတန်ကျောင်းသားနှစ်ယောက်က အမှတ်( ၂) မှာရှိတယ်တဲ့လား?။

"ဖြေဆိုမည့်ကျောင်းသားကျောင်းသူမှာ စာမေးပွဲခန်းသို့သွားကြပါ ဖြေဆိုမည့် ကျောင်းသားကျောင်းသူမှာ စာမေးပွဲခန်းသို့ သွားကြပါ ၊ စာမေးပွဲဖြေဆိုဖို့ (၁၀)မိနစ်ပဲလိုပါတော့တယ် ၊ အချိန်ကိုအလေးထားကြပါ။ပထမဆုံးဖြေမယ့်ဘာသာရပ်ကတော့ တရုတ်စာပါ။''

ဒီတစ်ကြိမ်စာမေးပွဲသည်ကား စာမေးပွဲကြီးလည်းဖြစ်သဖြင့် မြို့ရှိအစိုးရကျောင်းအကုန်စုပေါင်းပြီး မေးခွန်းထုတ်ထားခြင်းဖြစ်ရာ အရင်တုန်းက စာမေးပွဲများထက်ပိုလို့ခက်၏။

စာမေးပွဲမစခင်၌ စာညံ့သူများစုဝေးရာအခန်း တွင်းရှိ တစ်ယောက်မှာဆို ခေါင်းငိုက်စိုက်ကျ ကာ အိပ်ပျော်လျက်ပင်ရှိသည်။ စာမေးပွဲခန်း စောင့်ဆရာ အခန်းထဲဝင်လာချိန်တွင်တော့ ထိုသူမှာဟောက်ပင်ဟောက်လို့နေလေပြီ။

ဖြည်းဖြည်းနဲ့ရှည်လျားလှသည့်ဟောက်သံကြီး ကြောင့် အခန်းစောင့်ဆရာ၏ခြေလှမ်းတို့ပင် တန့်သွားခဲ့ရသည်

စာမေးပွဲစောင့်ဆရာက အခြားကျောင်းကဖြစ်ပုံရာ​​ကာ ဒီစာမေးပွဲခန်းအား အထင်သေးဟန်ရှိသည်မှာလည်း သိသာပေါ်လွင်လှကာ မေးခွန်းလွှာတို့ကိုရေတွက်ရင်း မျက်မှောင်ကြုတ်လျက် အားလုံးကိုတစ်ချက် ဝေ့ကြည့်လာ၏။

ဂျီမင်း လည်ချောင်းအနည်းငယ် ခြောက်လာ သလို ခံစားမိသည်။ မေးခွန်းလွှာလက်ထဲရောက်သည်နှင့် တံတောင်ဖြင့် စာရွက်ကိုဖိကာ တန်း၍ နာမည်ကိုချရေးလိုက်ပါပြီး ကျန်လက်တစ်ဖက်ဖြင့် ကျန်သည့်မေးခွန်းလွှာအား နောက်သို့ကမ်းပေးလိုက် သည်။

'ပက်ခ်' ဆိုသည့်စာလုံးအား စုတ်ချက်နှစ်ချက်သာ ဆွဲရသေး၏။ ဂျောင်ကုက လက်ဆန့်လျက် ဂျီမင်းလက်ထဲကမေးခွန်းလွှာအား ယူလို့သွားလေသည်။

"စာမေးပွဲစတင်ပါပြီ ဖြေဆိုချိန် မိနစ်(၁၂၀)ဖြစ်ပါတယ်၊ ဖြေဆိုသူကျောင်းသားများ သတိထားရမှာ ကတော့ စာမေးပွဲစည်းကမ်းနဲ့မကိုက်ညီတဲ့ ပစ္စည်းပစ္စယတွေ ယူဆောင်လာခြင်းခွင့်မပြုပါ''

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora