40

735 77 2
                                    

ကိုယ်တို့မိနစ်၂၀လောက်အရင်နမ်းကြရအောင်

နောက်တစ်နေ့ မနက်စောစောမှာပင် ဂျီမင်းသည် ဖုန်းကမြေပုံမှ ညွှန်ပြနေသည့် လမ်းကြောင်းကိုကြည့်လို့နေသည်။ Centural Cityဆိုသည့်နေရာက အလွန်ပင် နာမည်ကြီးလှပြီး ပုံမှန်အားဖြင့်အတန်းတွေ့ဆုံပွဲ ဘာညာဆိုလည်း ထိုနေရာတွင်သာကျင်းပမြဲဖြစ်သည်။

ဂျီမင်းသည် ကားနှစ်ဆင့်စီးရမှာ ပျင်းသဖြင့် တစ်ဆက်တည်းတန်းရောက်မည့်
ဘတ်စ်ကားပေါ်သာတက်လာခဲ့လိုက်သည်။
သူသည် ထွက်လာချိန်ကတည်းက maskတပ် လာခဲ့ပြီး မျက်နှာတစ်ဝက်အား ဖုံးကွယ်ထားခဲ့ သည်။ နောက်ဆုံးတန်းတွင် ဝင်ထိုင်လိုက်ပြီး နောက် ဂိမ်းမက်ဆေ့ချ်မှ @J ပို့လာသည်များကိုကြည့်မိသည်။

[@J ] အတည်ပြောနေတာ၊ ဒီက သူငယ်ချင်း မင်းမှာနောက်ဆုတ်ဖို့အခွင့်အရေး ရသေးတယ်နော်။

[@J]: သုံးပုဒ်အကျောပေးတောင် မင်း နိုင်မှာမဟုတ်ဘူး။

နောက်နာရီဝက်ကြာသွားပြီးချိန်မှာတော့ ထိုလူထံမှ စာတစ်ကြောင်း ထပ်ရောက်လာပြန်သည်။

[@J] ငါရောက်ပြီ ၊ Century City အပေါက်ဝမှာ။

ဂျီမင်းသည် အိပ်ချင်လာမိတာကြောင့် မျက်ဝန်း တို့ကို မှေးကျဉ်းထားရင်း စာပြန်ရိုက်လိုက် သည်။

//မင်းရောက်တော့ရော ဘာလုပ်ရမှာလဲ ၊ မင်းဘယ်သူဆိုတာမှ မသိတာ၊ ဒီနေ့ဘာဝတ်ထားသလဲဆိုတာနဲ့ မင်းဆိုတာကို တန်းသိနိုင်မဲ့အမှတ်အသားတစ်ခုခုကိုပြော//

[@J] : ဘာဝတ်ထားသလဲကအရေးမကြီးဘူး ၊ အချောဆုံးဆိုတဲ့တစ်ယောက်ပဲ။

ဂျီမင်းသည် ထိုမက်ဆေ့ချ်ကို ကြည့်ပြီး
စိတ်တိုတိုဖြင့်သာ ရယ်ချမိလိုက်သည်။
ဒါကသောက်ရှက်မရှိတာတင်မဟုတ်တော့ဘူး ၊ အရေထူချက်ကတော့ ကျည်တောင်ဖောက်မဝင်နိုင်လောက်အောင်ကိုထူတာဗျာ။သူသည် မလှုပ်မယှက်ဘဲရှိနေရင်း အင်္ကျီက
ခေါင်းစွပ်ဦးထုပ်ကိုသာ ဆွဲ၍ ဆောင်းလိုက် သည်။ သူ့ကိုယ်ထက်၌ အနက်ရောင်ဂျာကင်ကို ဝတ်လို့ထားရာ ဆိုဒ်ကလည်း
ချောင်ချောင်ပွပွ ဖြင့် ခေါင်းစွပ်ကလည်း
ပွလေရာ ခေါင်းထက် ဆောင်းလိုက်ချိန်၌ နဖူးတစ်ဝက်လောက်ထိကို ကွယ်ဝှက်လို့သွားသည်။ Maskပါ ထပ်ပေါင်းထည့်လိုက်တော့ မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားလုနီးနီးရှိလေသည်။

My Boyfriend In SectionC (Completed)  Tempat cerita menjadi hidup. Temukan sekarang