7

1.1K 139 52
                                    

ကြာကူလီမင်ယော့နှင့် အစ်ကိုကြီးနှစ်ယောက်

လွန်ခဲ့သော နာရီအနည်းငယ်က ကျောင်းအုပ်ကြီးရုံးခန်းထဲ၌ ဖြစ်သည်။

"ကျွန်မတို့သားရဲ့ မျက်နှာနဲ့ လက်မောင်းတွေကိုကြည့်ကြပါဦး၊ ယုတ်မာထားတာဆိုတာလေ၊ ရှင်တို့ကျောင်းမှာ ဘယ်လိုလုပ်ပြီးများ အဲ့လိုလုပ်ရဲတဲ့လူမျိုးရှိနေရတာလဲ?''

မင်ယော့၏မိဘနှစ်ပါးလုံးအား ကြည့်ရသည်မှာ ပညာတတ်အသွင်နှင့် ပိုက်ဆံရှိ အသိုင်းအဝိုင်းပုံစံမျိုးဖြစ်ကြသည့်တိုင် စကားပြောဆိုလာသည်မှာတော့ တော်တော်လေးကို ကွဲပြားခြားနားလျက်ရှိသည်။

"ကြားတာတော့ ရှင်တို့ကျောင်းက ​ဂျောင်ကုဆိုတဲ့ ကျောင်းသားက အမြဲတမ်းပြဿနာပတ်ရှာ​နေတဲ့သူဆို? ဒီလိုမှတော့ ကျွန်မတို့ရဲ့ကလေးကို အခုလိုရိုက်လိုက်တာက မထူးဆန်းတော့ပါဘူး။ ဒါနဲ့ဘယ်လိုဖြစ်လို့အခုထိ သူ့ကိုဘာအပြစ်မှမပေး​ကြသေးတာလဲ? ရှင်တို့ကျောင်းက ဒီလိုကိစ္စ​တွေကို ဘယ်လိုကိုင်တွယ်နေတာတုန်း?"

ဆရာမဝူမှာ ဂျောင်ကု၏အတန်းပိုင် ဖြစ်သည့်အတွက် ဘေးနားတွင် ရပ်လျက် မျက်နှာ
မကောင်းစွာဖြင့် ဆိုလိုက်သည်။

''ကျွန်မတို့ဒီကိစ္စအတွက် တကယ်ကို တာဝန်ယူပေးပါမယ် ၊ ကျွန်မ သူ့ကိုကောင်းကောင်း
သွန်သင်ပါ့မယ်၊ မင်ယော့ရဲ့ မိဘတွေကိုလည်းကျွန်မအလေးအနက်နဲ့တောင်းပန်စကားဆိုချင်ပါတယ် ၊ ဘာလို့ဆို ဒါက ကျွန်မရဲ့အတန်းထဲကကျောင်းသားရဲ့ အမှားဆိုတော့''

ဂျောင်ကုမှာ ဆက်လက်၍ နားထောင်မနေနိုင်တော့ပေ။

"သွန်သင်မယ်?"

ဂျောင်ကုသည် ဒေါသထွက်စွာဖြင့် ရယ်လိုက်သည်။

''ဆရာမဝူမှာ အခြားသူကိုသွန်သင်ဖို့ အရည်အချင်းရောရှိရဲ့လား?"

''မင်း ဆရာမကို ဘယ်လိုပြောလိုက်တာလဲ?''

ပြဿနာသည် ကိုယ်ထိလက်ရောက်ကျူးလွန်ပါသည်ဆိုသည့် ကျောင်းသား ဂျောင်ကု၏ ဝန်ခံခြင်းမရှိသည့်အတွက် ပိုမိုရှည်ကြာသွားခဲ့သည်။

ကျောင်းအုပ်ကြီးကလည်း သက်သေအတိအကျမရှိဘဲ ကျောင်းသားတစ်ဦးကို ကျောင်းထုတ်သည် အထိ အပြစ်မပေးချင်ပါ။ အမှန်ဆို ဒီဒဏ်ရာတွေက ကျောင်းသားဂျောင်ကု၏ လက်ချက်မှန်း တပ်အပ်ပြောနိုင်သည်လည်းဟုတ်မနေပေ။ ထို့ကြောင့် အချိန်အား အနည်းငယ်နောက်ဆုတ်လို့ထားလိုက်သည်။

My Boyfriend In SectionC (Completed)  Tempat cerita menjadi hidup. Temukan sekarang