38

699 84 14
                                    

ကလေးလေးသဝန်တိုက သောက်ရမ်းချစ်ဖို့ကောင်းတယ်ကွာ

သချာ်ဆရာထွက်သွားပြီးသည့်နောက်
ဂျောင်ကုသည် ခုံစောင်းထဲထည့်ကာ ခိုးဆော့နေသော ဖုန်းအားထုတ်ကာ ဆက်လက်ဂိမ်းဆော့လို့နေပြီး ဂိမ်း loadingလုပ်နေချိန်များတွင် စိတ်မထိန်းနိုင်ဘဲ သချာ်ဆရာတွက်ပြသွားသည့်ပုစ္ဆာများရှိရာ ကျောက်သင်ပုန်းသို့ လှမ်းလှမ်းကြည့်မိရသည်။ နှစ်ပွဲခန့်ဆော့အပြီးမှာတော့ မစ်ရှင်တွေလည်းအကုန်လုပ်လို့ပြီးသွားခဲ့၍ ထွက်မလို့ပြင်စဉ်မှာပင်
ဟိုဆော့ထံမှ အဖွဲ့ဖွဲ့ပြီး ဆော့ဖို့ရာ ကမ်းလှမ်းလာသည်ကို တွေ့လိုက်ရပြီး မသိစိတ်မှ အလိုအလျောက် လက်ခံမိသွားခဲ့သည်။

ဂျီမင်းသည် စာအုပ်များအား ခုံစောင်းထဲ
သိမ်းပြီးချိန်တွင် ဘေးရှိဂျောင်ကုထံမှ 'F**k'ဟုဆဲရေးလိုက်သံအား ကြားလိုက်မိလေသည်။

သူ ဒါဂိမ်းရှုံးလို့နေမှာဟု အထင်ဖြင့် ဂျီမင်းသည် အနားကပ်၍ ကြည့်လိုက်ရာ ဖုန်း
Screenထက်က လူနှစ်ယောက်အနက်
တစ်ယောက်မှာမူ ဆံပင်ရှည်ရှည်နှင့်
ဂါဝန်ဝတ်ထားပါလေသည့် မိန်းကလေးဇာတ်ကောင်အား တွေ့လိုက်ရလေသည်။

ဂျောင်ကုကား နားထဲနားကြပ်ထိုးလို့ထားပြီး ကြည့်ရသည်မှာ အဖွဲ့တွင်းvoice chartကိုပါ
ဖွင့်ထားပုံရသည်။ ဂျီမင်းသည် လက်ဆန့်၍ နားကြပ်တစ်ဖက်ကို ဖြုတ်ယူလိုက်ပြီး မိမိနားထက် တပ်လိုက်ချိန်မှာတော့ ကောင်မလေး၏ ချွဲချွဲနွဲ့နွဲ့အသံအားကြားလိုက်ရတော့သည်။

"အိုင်ကသိပ်ပြီးမဆော့တတ်လို့လေ။ ခဏနေကျယူ အိုင့်ကိုကာကွယ်ပေးလို့ရမလားဟင်''

ဂျီမင်း၏လက်က နားကြပ်ကြိုးကို လိမ်နေရင်းမှ ထိုပြောသံအား ကြားချိန်မှာတော့ လေသံကို တမင်ဆွဲ၍ပြောလိုက်တော့သည်။

''ကိုကိုက သိပ်ကိုသာယာနေတာပါလား ? မိန်းကလေးကိုတောင် ခေါ်ဆော့ထားတယ်?''

ဂျောင်ကုမှာ ခါးသက်သက်ဖြင့် စကားပင်
မဆိုလာနိုင်။

မကြာခင်က ဟိုဆော့သည် သူ့အား အဖွဲ့ထဲ
ဖိတ်ခေါ်ပြီး လူတစ်ယောက်ကိုပါ ကူပေးခိုင်းလာသည်။ သူ့တစ်ဘဝလုံးရဲ့ ပျော်ရွှင်မှုနဲ့ ပတ်သက်နေပါတယ်ဟုလည်း ဆိုလာသေးပြီး ဒါပေမယ့် သူအခုဗိုက်နာလာ၍ အိမ်သာသွားပြီး ဖြေရှင်းလိုက်ဦးမယ်ဟူ၍။ ပြောချင်တာပြောပြီး ဂျောင်ကု ငြင်းတာကိုပင် မစောင့်ဘဲ ဟိုဆော့သည် ချက်ချင်းပင် ကောင်မလေးကို အဖွဲ့ထဲသွင်းကာ လူကတော့ ပြေးထွက်သွားပါတော့သည်။

My Boyfriend In SectionC (Completed)  Where stories live. Discover now