15

918 110 29
                                    

ကလေးလေးရဲ့ကိုကို

ဂျောင်ကုသည် ခေါင်းငုံ့၍ ဖုန်းဆော့နေပြီး
ဖုန်းအားလည်းမရှိ ၊ power bankလည်း
အားမရှိတော့အချိန်ကျမှ ဖုန်းကိုင်ခြင်းအား ရပ်နားကာ စာရွက်ခေါက်နေ​လေသည်။
ခေါက်လို့ ပြီးစီးသွားသည့် အခါမှာတော့
ဂျီမင်း၏ စားပွဲထက် လွှင့်ပစ်လိုက်​လေသည်။

နှင်းဆီပန်းပုံ၊ဖားပုံ၊ လေယဥ်ပျံ၊သဘော်၊
ကလေးတစ်ဦးကခုန်နေပုံစသဖြင့် အမျိုးမျိုးအဖုံဖုံး အကုန်ပါရှိလေသည်။

''ငါ့ စားပွဲက အမှိုက်ပစ်တဲ့နေရာမဟုတ်ဘူး
နော်''

ဂျီမင်းသည် သူ့အားသတိပေးလို့လာသည်။

ဂျောင်ကုကတော့ စကားပင်မဆိုဘဲ ခေါင်းငုံ့လျက် စာရွက်အား ဆက်ခေါက်လို့သာနေသည်။ဂျီမင်းကလည်း သူပစ်လာသမျှအား ဘေးသို့တွန်းပို့ထားသည်။

"ဒီတစ်ပတ်ကျောင်းပိတ်ရက်အတွက် အိမ်စာ တွေကတော့ ဒါတွေဘဲ ၊ ကျောင်းပိတ်တာ
နဲ့ အရူးအမူးပျော်ပါးမနေကြနဲ့ဦး။ အဆောင်နေတဲ့သူတွေ စနေ၊တနင်္ဂနွေပိတ်ရက်မှာ အကုန်အိမ်ပြန်ကြမှာလား? ကျောင်းမှာဘဲနေရစ်ခဲ့မယ့်သူတွေကတော့ ဆရာ့စီလာပြီး နာမည်စာရင်းပေးထားကြ။"

ဂျီမင်းကတော့ အတန်းချိန်တစ်ခုလုံးမှောက် အိပ်လို့နေတာဖြစ်သည်။ဂျောင်ကုမှာ လျစ်လျူရှု မခံနိုင်စွာဖြင့် က​လေး​လေး၏
ပုခုံးအား ဘောပင်ဖြင့်ထိုးလိုက်သည်။

''မင်းပိတ်ရက်အိမ်ပြန်မှာလား? ခဏက ကိစ္စ​ကိုစိတ်ဆိုးနေသေးတုန်းလား''

''ငါမင်းကို မထိုးမိအောင် ထိန်းထားတာနော် ၊ မင်းလာလာပြီးမဆွစမ်းနဲ့''

ဂျီမင်းသည်ခေါင်းကို ငဲ့စောင်း၍ သူ့အားကြည့်လာသည်။

ဂျောင်ကုက ထပ်လို့ဆိုလိုက်သည်။

''ငါမေးတာကို မင်းပြန်မဖြေရသေးဘူးနော်"

"ပြန်မှာ''

ဂျီမင်းကပြောသည်။

''ငါ့အမေမွေးနေ့လေ၊ ပိတ်ရက်ကျ သေချာပေါက် ပြန်မှဖြစ်မှာ''

ဂျောင်ကုသည် နားထောင်ပြီးနောက် 'သြော်'ဟုဆိုလာရင်း အကြောင်းအရင်းမရှိ၊ ဦးနှောက်မရှိစွာဆိုလာပါသေးသည်။

My Boyfriend In SectionC (Completed)  Où les histoires vivent. Découvrez maintenant