36

688 81 6
                                    

ငါ့ကိုမချစ်နဲ့။ အကျိုးမရှိဘူး။

ကားပေါ်တက်ပြီးနောက်မှာတော့ ဂျီမင်းသည်
ချွဲဟေမင်ထံ ဖုန်းလှမ်းဆက်လိုက်ပါသည်။
ချွဲ​​ဟေမင်မှာဆို ဖုန်းထဲကနေ ဝမ်းသာနေလျက် 'ကောင်းပြီကောင်းပြီ'ဟုသာ တောက်လျှောက်ဆိုလာသည်။ ထို့နောက်တွင်တော့ ချွဲ​​ဟေမင်က မေးလာခဲ့သည်။

''ဆောင်းဦးအပျော်ခရီးသွားတာ ပျော်ရဲ့လား? ဗိုက်မဆာဘူးလား? ခဏနေအိမ်ပြန်ရောက်ရင် ဘာစားချင်လဲ?"

"မဆိုးပါဘူး ဒီလိုပါဘဲ''

ဂျီမင်းသည် ပြောလိုက်သည်။

"​မေ​မေ အဆင်ပြေသလိုသာချက် ရတယ်''

ဖုန်းချပြီးနောက် ဂျီမင်းသည် ရုတ်တရက်
ဂျောင်ကုက ကျောင်းပိတ်ရက်တိုင်းလိုလို
အိမ်မပြန်သည်ကို တွေးမိလိုက်သည်။
သူ့အမေက နိုင်ငံခြားမှာပေမယ့်​ ဂျောင်ကုထံမှ သူ့အဖေအကြောင်း ပြောသည်ကိုတော့မကြားဖူးပါ။

ကလေးက စာမေးပွဲဖြေတာ ဒီလိုအဆင့်တွေ ရနေလည်း စိတ်မပူပါသည့်မိဘ။ ဘယ်လို တောင်သဘောထားကြီးတာလဲ?။

တွေးရင်းတွေးရင်းနှင့်ပင် ဂျီမင်းသည် ဒီအချိန် လောက်ဆို ရေလောင်းချိုးပြီး အဆင်ပြေ လောက်ပြီဖြစ်မည့် လူထံ စာတစ်ကြောင်းပို့ လိုက်ပါသည်။

//ရေချိုးပြီးပြီလား?//

ဂျောင်ကုက ခပ်သွက်သွက်ဘဲ စာပြန်လာသည်။

//မပြီးသေးဘူး။ မင်းကိုတွေးမိပြီး မပြေလျှော့တော့ဘူးရယ်//

ဂျီမင်းကားဂိတ်သို့ ရောက်ပါမှ ဂျောင်ကု
တစ်ယောက်လည်း ဖြေရှင်းလို့ပြီးသွားခဲ့ပြီး
သူသည်ခေါင်းကိုသုတ်ရင်း ဂျီမင်းထံဖုန်းခေါ် လိုက်သည်။

"အိမ်ရောက်ပြီလား''

ဂျီမင်းသည် ကားပေါ်မှ ဆင်းကာ ရှေ့ဆက် လျှောက်ရင်းမှ ပြောလိုက်သည်။

"မင်းရေချိုးတာ တော်တော်လေးကြာတာဘဲ''

ဂျောင်ကုက တိုးသဲ့သဲ့ရယ်လာသည်။

"အင်း အတော်ကြာဖြေရှင်းလိုက်ရတယ်''

ဂျောင်ကု၏ ညစ်ညစ်ညမ်းညမ်း ပြောလာပုံကို လျစ်လျူရှုလျက် ဂျီမင်းသည်မေးလိုက်လေသည်။

My Boyfriend In SectionC (Completed)  Tempat cerita menjadi hidup. Temukan sekarang