Extra 4

726 61 2
                                    

ဟိုဆော့တစ်ယောက် နားထောင်နေရရင်းမှ မနေနိုင်သည့်အဆုံး မင်ယွန်းဂီထံ စာပို့မိသည်။

// အစ်ကို ယွန်းဂီ ...ဒီတစ်ခေါက် စာသင်နှစ်ကုန်လို့ အောင်စာရင်းထွက်လာရင် ငါ့အလောင်းကို သာ လာကောက်ဖို့ ပြင်ဆင်ထားလိုက်တော့//

မင်ယွန်းဂီက ခပ်မြန်မြန်ပင်စာပြန်လာ လျက်။

//ငါ့လောက်ဆိုးလား ၊ ငါမအိပ်ရတာ
ဘယ်နှစ်ရက်တောင်ရှိပြီလဲ မင်းမှန်းကြည့်စမ်း?//

အထက်တန်းပြီးသွားသည့်တိုင် အခန်း(C) group chatကြီးကတော့ အေးစက်မသွားဘဲ
တစ်လလျှင် နှစ်ကြိမ်၊သုံးကြိမ်မျှတော့ တွေ့ဆုံပွဲလုပ် ဖြစ်ကြပေသည်။

ယွန်းဂီက Hotel Management တက်လျက်ရှိသည်။ နောက်စာသင်နှစ်တွင် သူတို့ထဲမှ
နှစ်ယောက်အား ကုမ္ပဏီကြီးတစ်ခုက
အစမ်းခန့်ဖို့ရှိရာ ဌာနတစ်ခုလုံး စာသင်နှစ်အကုန်အတွက် assignmentပြင်ဆင်ကာ အလုပ်များလျက်ရှိရ၏။

ယွန်းဂီ ထိုသို့ပြောလာမှ ဟိုဆော့လည်း
တွေးမိရသည်။ ဒီကောင်တော့ သူ့​ထက်
ပိုတောင် ထိပ်ပြောင်တော့မယ်။

ဂျောင်ကုက ဂျီမင်းအကြောင်းပြောရာ၌ 'စီးပွားရေးကုန်သွယ်မှုအင်ပါယာ'ဆိုပြီး
သူ့ကိုယ်သူ အမွှန်းတင် ပြောတာထက်ပင်စကားပိုများကာ စာလုံးရေမှာဆို (၅)ထောင်မှ (၈)ထောင်သို့ပင် ပြောင်းသွားတော့၏။ ဟို​ဆော့ လည်း လက်သာ​လျှော့လိုက်ပြီး ခေါင်းငုံ့၍သာမှတ်တမ်းကို ပြင်နေလိုက်ပါသည်။ စိတ်နှစ်ပြီးကို ရေသာခိုနေခိုက် သတိမထားမိချိန်မှာပဲ ကော်ဖီဆိုင် အပေါက်ဝထက်က ခေါင်းလောင်းမှ
မြည်သံနှစ်ချက် ထွက်ပေါ်လာပါသည်။

စာမူခေါင်းစဉ်ထဲက တစ်ယောက်အပါအဝင်
ဖြစ်သည့်  'အိမ်စာထပ်တာမဆိုးဘူး'ဆိုသည့် ကျောင်းသားဂျီမင်းကတော့ အထူးအနေနဲ့ကို အတန်းစောစော ဆင်းခွင့်ရလာပါ၏။

"အင်တာဗျူးလို့မပြီးသေးဘူးပေါ့?"

ဂျီမင်းမေးလို့အပြီးမှာပင် ဟိုဆော့က ကွန်ပြူတာကို သူရှိရာသို့လှည့်ပြလာပါသည်။ ဂျီမင်းသည် အစကတော့ ဘာမှမတွေးမိ။ အကြည့်တို့အား အပေါ်မှအောက် ရွေ့ကာ အကြမ်းဖျင်းကြည့်ရင်း 'စီးပွားရေးကုန်သွယ်မှုအင်ပါယာ'ဆိုတဲ့ စာကြောင်းတို့ကို ကျော်ပစ်လျက် အဆုံးမှာတော့ မိမိနာမည်ထက်သာ အကြည့်ရောက်ကာ စစ်ကြောမေးမြန်းမိလျက်။

My Boyfriend In SectionC (Completed)  Onde histórias criam vida. Descubra agora