21

805 100 27
                                    

ဂျောင်ကု၏ အတိတ်ဇာတ်ကြောင်းအား ပြန်လည်တူးဖော်ခြင်း အပိုင်း ()

ဘေးဝိုင်းသည်ကား အလွန်ကို ဆူညံလှပြီး
ဘီယာပုလင်းဖောက်သံတို့ အဆက်မပြတ်
ထွက်ပေါ်လို့လာနေသည်။ ထိုအဖွဲ့ထဲ၌ မိန်းကလေး တစ်ယောက်လည်း ပါဝင်ကာ
တိုကပ်ကပ် စကတ်ကိုဝတ်ထားပြီး နားတွင်လည်း နားပေါက်တွေ အများကြီးဖြင့် နားကွင်းတွေ ဝတ်လို့ထားပြီး လေသံကလည်းကျယ်လှသည်။

''မရီး..အစ်ကိုချယ်ဟွန်းက ဘယ်အချိန်မှ
လာမှာလဲ၊မြန်မြန် ဖုန်းဆက်ပြီးလောလိုက်''

မူးနေလေသည့် တစ်ယောက်မှာ ဘီယာပုလင်းကို ဖွင့်ရင်း ပြောလာသည့်အခါစောစောက မိန်းကလေးသည် စားပွဲထက်က
ဖုန်းအား ကောက်ယူလိုက်သည်။

''ကောင်းပြီ ၊ ငါလောလိုက်မယ်''

ဟိုဆော့မှာကား အစားနှင့် ပက်သက်လျှင်
ဘာကိုမှ မရွေးသူဖြစ်လေရာမျက်နှာချင်းဆိုင်ရှိ နှစ်ယောက်လုံးမှာဆို
သိပ်ကိုလွန်လွန်းလှသည်ဟု ထင်မိသည်။

ဂျောင်ကုသည် ခေါက်ဆွဲမှာရင်း နံနံပင်
မထည့်ကြောင်း အထူးတလည် မှာကြားလို့နေရာ ဟိုဆော့သည် သည်းမခံနိုင်တော့ဘဲ ကြားဝင်မေးမိတော့သည်။

''ဘာကိစ္စမထည့်ရတာလဲ''

မေးပြီးကာမှ သူသည်နောင်တရလို့သွားသည်။

အကြောင်းအရင်းသည်ကား ဂျောင်ကုက
ဆိုလာခဲ့ချေသည်။

"ကလေးလေး မစားဘူး''

ဒီတစ်နပ်က မစားရသေးတာတောင်
ဟို​ဆော့ကတော့ ဗိုက်ပြည့်သွားပြီ။ ဒါ့အပြင် ဂျီမင်း၏ ရှောင်တဲ့အစားအစာ စာရင်းအရှည်ကြီးကို ဘယ်သူကများမှတ်မိနိုင်မှာလဲ။ ဒါပေါ့။ သေချာတာတော့ သူ၏သူငယ်ချင်းကြီးတစ်ဦးတည်းသာ ဂရုတစိုက်လေးမှတ်မိနေတာဖြစ်သည်။

ဂျီမင်းသည် သိပ်ပြီးစားချင်စိတ်ရှိမနေ။ ဒီနေ့ တစ်နေကုန် နေပူကြီးထဲ အကြာကြီးထိုင်လိုက်ရ၍ အသီးအရွက်နည်းနည်းနှင့် ခေါက်ဆွဲ တစ်ဝက်သာလျှင် စားပြီးနောက်​
ထရပ်ကာ သန့်စင်ခန်းသွားဖို့ပြင်လိုက်သည်။

My Boyfriend In SectionC (Completed)  Where stories live. Discover now