37

680 84 2
                                    

အမွှာညီအစ်မ ဂျီကု

ဂျောင်ကုမှာ ပုံမှန်ဆို ဂျီမင်းအား စိတ်
အနှောက်အယှက်လိုက် ပေးနေကျဖြစ်ပြီး
စိတ်မထင်ရင် blockပါပစ်ချင်ရသည်အထိ
ရှိပေမယ့် ဒီတစ်ပတ်မှာတော့ အနှီးကိုကိုမှာအနည်းငယ်ငြိမ်သက်နေသည်။

ဂျီမင်းသည် နေ့လည်စာစားပြီးနောက်
ချွဲဟေမင်ကို အဖော်ပြုပြီး အနီးနား ပန်းခြံ၌ လမ်းလျှောက်ထွက်ဖြစ်သည်။ စကားတို့လည်း များများစားစား ပြောစရာမရှိလေရာ အတန်းထဲက အကြောင်းတချို့ကိုဘဲ ပြောပြမိဖြစ်လေသည်။ ချွဲဟေမင်ကတော့ နားထောင်ရင်း အတော်လေး
သဘောတကျဖြစ်နေလေသည်။

ဂျောင်ကုထံမှ ဖုန်းလက်ခံရချိန်မှာဆို
နေ့လည် (၁)နာရီပင်ထိုးလို့နေပြီဖြစ်သည်။

''တော်တော်လေး စိတ်ထိန်းထားပြီးမှ မင်းဆီ လှမ်းဆက်လိုက်တာ''

ဂျောင်ကုဘက်ခြမ်းက အနည်းငယ်ဆူညံနေပေသည်။ အသံကို နားထောင်ရသည်မှာလည်း အပြင်ရောက်နေဟန်တူသည်။

"ကလေးလေး မနိုးသေးမှာဆိုးလို့''

ဂျီမင်းသည် အခန်းထဲဝင်ရုံပင် ရှိသေးလေရာ တံခါးရွက်ကို မှီထားရင်း ပြောလိုက်သည်။

''မင်းက ငါ့ကိုဘာကောင်များထင်နေတာတုန်း ?အခုချိန်ထိအိပ်နေရအောင်''

''ဝက်...ဝက်သေးသေးလေး...''

"မင်းမေ...မင်းကသာဝက်"

''ဟုတ်ပါပြီ''

ဂျောင်ကုသည် ပြောလိုက်လေသည်။

''ကိုယ်ကဝက်''

နှစ်ဦးသား စကားပြောနေမိကြခိုက် ဂျောင်ကုဘက်မှ တစ်ယောက်ယောက် စကားပြောသံအား ဝိုးတဝါးကြားလိုက်ရသည်။

''ဝမ် 4200ပါ ၊ ငွေသားနဲ့လား mobile payနဲ့
ရှင်းမှာပါလား?”

ဂျောင်ကုမှာ လက်ရှိဖုန်းပြောနေဆဲဖြစ်၍ scanဖတ်ဖို့က မဖြစ်လေရာ အိတ်ကပ်ကို
စမ်းရင်းမှပြောလိုက်သည်။

"ငွေသားနဲ့ ၊ ထည့်ဖို့အိတ်ပါယူလိုက်မယ်။
ကျေးဇူးပါ''

ဂျီမင်းသည် သူငွေရှင်းအပြီးကို စောင့်ပြီးမှ မေးလိုက်သည်။

My Boyfriend In SectionC (Completed)  Kde žijí příběhy. Začni objevovat