9

939 123 45
                                    

မနက်စောစော ရည်းစားမရှိတဲ့လူတွေကို နှိမ်လွန်းတဲ့ မြင်ကွင်းတစ်ခု

အဆောင်နေသူများ၏ ညပိုင်း self study၌ ဖြစ်သည်။ ဟိုဆော့သည် မိမိ၏ စားပွဲခုံအား
လောင်းကစားတို့၏ဘုရင် ယွန်းဂီထံသို့
ရွေ့လို့သွားကာ စားပွဲထက် မှောက်အိပ်နေသော ယွန်းဂီ၏ လက်မောင်းအား ထိတိုက်လိုက်လေသည်။

''ဟေ့...ယွန်းဂီ''

ယွန်းဂီသည် ခေါင်းပင်မထောင်လာဘဲ အိပ်ချင်မူးတူးလေသံနှင့် ထူလိုက်လေသည်။ထိုအသံထဲတွင် စိတ်လုံးဝရှည်နေခြင်းမရှိသော Toneတစ်မျိုး စီးဝင်လို့နေလေသည်။

''ပြော...''

''မင်းနဲ့ငါ အလောင်းအစားတစ်ခုလုပ်မလား''

ဝုန်းးးး။

အလောင်းအစားဆိုသည်နှင့် တက်ကြွလာသော ယွန်းဂီခမျာ အိပ်နေသော စားပွဲအားရှေ့သို့ တွန်းပစ်လိုက်ပြီး မက်တပ်ထရပ်၍ ကျယ်ကျယ်လောင်လောင် မေးလို့လာသည်။

''ဘာလောင်းမလဲ..စိန်လိုက်လေ''

''ဟေ့ရောင်..မင်းအသံက...လာ..ဒီနားကို''

ဟိုဆော့သည် အနောက်တန်းရှိ အစ်ကိုကြီးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ကာ ယွန်းဂီနားရွက်နားအားကပ်၍ တိုးတိုးသာသာပြောလို့လာသည်။

''ဖြစ်ပါ့မလား''

''ဘာလဲ..မင်းပြောတော့..မင်းက လောင်းကစားတို့ရဲ့ ဘုရင်ပါဆို''

''ဟုတ်ပါတယ်..ဒါပေမဲ့ သူတို့ကနည်းနည်း''

''ဘာလဲ..မင်းကြောက်နေတာလား...အကယ်၍ ငါပြောတာမှန်ခဲ့ရင် ငါ့ဒီလမုန့်ဖိုးအကုန်မင်းကိုပေးမယ်''

ယွန်းဂီမျက်လုံးများ အရောင်တဖျတ်ဖျတ်တောက်လို့လာသည်။

''အိုခေ..စိတ်လိုက်လေ..ဘယ်အချိန်စမလဲ''

''ညဆယ့်နှစ်နာရီ....''

......

ညပိုင်းself-studyအချိန် ပြီးဆုံးပြီးသည့်နောက် ဂျောင်ကုသည် ဂျီမင်းအား တွယ်ကပ်ရင်းမှ အဆောင်သို့ ပြန်လာလေသည်။ သူသည်
ဘယ်ဘက်လက်နှင့် ဟိုဆော့ကိုပါ ဆွဲထားချင်ပုံရသေးသည်။ အလိုက်တသိဖြင့်
ဟိုဆော့သည် ထိုလာ၍ဆွဲတော့မည့်
လက်အား သတိရှိစွာ ဖြင့် ရှောင်တိမ်းလိုက်လေသည်။

My Boyfriend In SectionC (Completed)  Tempat cerita menjadi hidup. Temukan sekarang