23

822 102 32
                                    

ကိုကို

ဘုရားသခင်၏ ပြတင်းပေါက်တစ်ပေါက်ပိတ်ထားခံရလေသည့် တစ်စုံတစ်ယောက်သော သူဟာဆိုလျှင် တကယ်ကြီးကို အာရုံ​ထွေပြားလျက်ရှိသည်။

တစ်ညလုံး အိပ်လို့မရအောင်ကို စိတ်တွေ
နောက်ကျိလို့နေပြီး စာတွေထလုပ်သည့်တိုင်
အသုံးမဝင်ခဲ့။

​ဂျောင်ကုသိသွားရသည်မှာကား ထိုမူမမှန်လှသည့် ခံစားချက်များမှာ နည်းနည်းလေး
ကနေ မသိလိုက်မသိဘာသာဖြင့် တဖြည်းဖြည်းစုဝေးလို့လာနေပြီး သတိထားမိသွားချိန်ကျ လုံးဝထိန်းချုပ်လို့ မရနိုင်တော့ သည်အထိပင်။

အကြိမ်​ကြိမ် မရေမတွက်နိုင်အောင် ရင်ခုန်ခဲ့ရဖူးသည်။ အကြိမ်တိုင်းလည်း ကြံရာမရ
ဖြစ်ခဲ့ရသည်။

လက်ကိုဘယ်နားထားရမည်မသိ။ တစ်ဖက်လူကိုလည်း မကြည့်ဝံ့။ သို့တိုင် ရင်ထဲမှာတော့ အဆက်မပြတ် အော်ဟစ်သံတစ်ခု
ရှိနေခဲ့သည်။

သူ ဂျီမင်းကို သဘောကျသည်။

ဟိုလိုမဟုတ်တဲ့  ဟိုလိုသဘောကျခြင်းမျိုး။

ထိုလူကိုတွေ့လိုက်သည်နှင့် နှလုံးသားထဲက
ရုတ်တရက် ပြည့်စုံသွားခြင်းမျိုး၊ လူယူ
လိုက်ရမှာလည်းကြောက် ၊ ဆုံးရှုံးလိုက်ရမှာ
လည်းကြောက်ဖြင့် စိတ်မအေးရပါဘဲ
တစ်နေရာရာက လစ်ဟင်နေသလိုမျိုးလည်း
ခံစားရပြန်ပါသည့် သဘောကျခြင်းမျိုး။

ဒါပေမယ့် နောက်တော့ရော။

FA ဖြစ်လာခဲ့တာ ဆယ်စုနှစ်ကျော်ကျော်ရှိနေပြီဖြစ်တဲ့ ​ဂျောင်ကုအနေနဲ့ ထိုသို့အကျပ်ရိုက်ခြင်းမျိုးနှင့် ကြုံတွေ့လာသည့်အခါ အတွေးတို့သည် တိရစ္ဆာန်ရိုင်းတစ်ကောင်လို
နေရာအနှံ့ တစ်ဟုန်ထိုး လျှောက်ပြေးလွှားနေပြီး ဦးတည်ရာကို ရှာမတွေ့ခဲ့။

အဆုံးမှာတော့ ရင်ထဲက တောရိုင်းကောင်မှာ
ရပ်တန့်သွားခဲ့ပြီး တဆာဆာ အော်လျက်
မြေပြင်ထက် ဝပ်ဆင်းသွားပါတော့သည်။
စိတ်ထဲတွေးကြည့်မိသည်။

ကလေးလေးက မုန်းများမုန်းသွားမှာလား?

ဒီလို အလွယ်တကူ စိတ်ထင်တိုင်းကြဲတတ်သည့်အရွယ်ဆိုပေမယ့် ဂျောင်ကုသည်
မဆင်မခြင် လက်လွတ်စပယ်ကြီးလည်း
မလုပ်ရက်ပြန်ပါ။ အဆုံးမှာတော့ သူသည် အိပ်ယာပေါ်သို့ ပစ်လှဲချလိုက်ပြီး ဂျီမင်း၏ Instagramထဲသို့ဝင်လိုက်ကာ Postတွေတစ်ခုပြီးတစ်ခု ဆွဲကြည့်နေမိတော့သည်။

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora