27

757 94 16
                                    

ကိုကိုသာလျှင် ကလေးလေးရဲ့အချစ်ဆုံး

မနက်စောစော ချွန်းဆောင်းလမ်းသို့
သွားသည့် ဘတ်စ်ကားပေါ်တွင် လူသိပ်မရှိချေ။ဂျီမင်းသည် နားနှစ်ဖက်အတွင်း နားကြပ်ထိုးထည့်လိုက်ပြီး ကားပေါ်တွင် ခဏမျှ အိပ်လိုက်ဖို့ စိတ်ကူးလိုက်သည်။
ဘတ်စ်ကားမှာ အကွေ့နေရာများနှင့် ဘရိတ်ဆွဲအုပ်စဉ်တို့၌ ယိမ်းထိုးလို့သွားတတ်သည်။

ဂျီမင်းသည် အတော်ကြာအောင် မှိန်းနေ
ပေမယ့် အိပ်မပျော်ပါ။ မျက်ဝန်းတို့ကို မှိတ်လိုက်တာနှင့် ဂျောင်ကုတစ်ယောက်
မြေတူးစက်ပေါ် ထိုင်နေပြီး သူ့အားလှမ်းရယ်ပြသည့် မြင်ကွင်းမျိုးပေါ်လာမည်ကို လန့်မိသောကြောင့်ပင်။ အဆုံးမှာတော့ မျက်ဝန်းတို့ကို ဖွင့်လိုက်ရာ ကားမှန်အပြင်ဘက်က
ကားတန်းကြီးကိုတွေ့လိုက်ရသည်။
လမ်းဘေး၌ အပေါဆုံးကတော့ မနက်စာ
ရောင်းသည့် ဆိုင်ခန်းငယ်ကလေးများပင်။

ဂိတ်သို့ရောက်သည်နှင့် ကားပေါ်မှဆင်းကာ သူ သည် ခေါင်းငုံ့၍ ထယ်ယောင်းထံသို့ စာပို့လိုက်သည်။

//ဘယ်မှာလဲ?ဆိုင်မှာလား?//

//ငါအိမ်မှာ၊ လာကြိုပေးမယ်ခဏစောင့်//

//မလာတော့နဲ့၊ ကိုယ့်ဟာကိုယ်လာခဲ့မယ်//

အန်တီချွဲကတော့ စျေး၌ အထည်တင်ပို့ရန် အလုပ်များနေလေပြီး နေ့လည်ခင်းကျမှ
အားမည်ဖြစ်သည်။ ဂျီမင်းသည် တစ်မနက်ခင်းလုံး ထယ်ယောင်းအခန်းထဲ၌ ဂိမ်းဆော့နေဖြစ်သည်။ အဖြူနှင့်အနီ ဂိမ်းစက်ကိုမှ အခုထိမလွှင့်ပစ်ရသေးသည့် တီဗွီအဟောင်းဖြင့် တွဲဆော့နေကြသည်။

''မင်းက ဒီပစ္စည်းတွေကို ဘာလို့သိမ်းထား သေးတာလဲ?''

''အတိတ်ကိုပြန်လွမ်းရအောင်လေ ''

ထယ်ယောင်းကဆိုသည်။

"ပြီးတော့ အရေးကြီးတာက သူက ပျက်မှမပျက်သေးဘဲ။ဒီဟာရဲ့ အရည်အသွေးကတော့ မယုံနိုင်လောက်အောင်ကိုဘဲ''

ဂျီမင်းသည် ဆော့ရင်းမှ အတိတ်ကို ပြန်သတိရလို့သွားခဲ့သည်။

''မင်းငယ်ငယ်က မင်းအမေက မင်းအတွက်
ဘာဥာဏ်ကောင်းစေတဲ့ဆေးဆိုလားဘဲ
အဲ့တာဝယ်လာသေးတယ်လေ၊ မင်းစားသေးလား။ အသုံးရောဝင်လား?''

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora