33

804 85 30
                                    

ကလေးလေးတစ်ယောက်ထဲအတွက် ကိုကိုသီဆိုတဲ့ အချစ်သီချင်းလေး

ဒုတိယနှစ် အခန်းCတစ်ခန်းလုံး စောင့်မျှော်နေလေသည့် ဆောင်းဦးအပျော်ခရီးရက်က နောက်ဆုံးတော့ ရောက်လာပြီဖြစ်သည်။

ဒီတစ်ခေါက် သတ်မှတ်ထားသည့် ခရီးစဉ်သည် ကျောင်း၏ထုံးစံအတိုင်း ဆောင်းဦးအပျော်ခရီးတွင် သွားနေကြဖြစ်သည့် အပန်းဖြေ ဥယျာဉ်ပါရှိသည့် ပန်းခြံကြီး
တစ်ခုပင်ဖြစ်ကာ ရှုခင်းကောင်းသည့် အတွက် ဓာတ်ပုံတွေရိုက်ပြီး
စိတ်ပြေလက်ပျောက်ရှိမည်ဆိုသည်။

မနက်စောစော၌ စာသင်ဆောင် တစ်ခုလုံး
ဆူညံ ပွက်လောရိုက်နေတော့သည်။ အဆောင်မှူးလာရောက်ပြောလျှင် ခဏမျှ ငြိမ်သက်သွားကြပြီး ပြန်ထွက်သွားပြီဆိုတာနှင့် သူတို့တွေ ဆူညံတာက ဆူညံလျက်ပါပင်။

နမ်ဂျွန်းသည် အတန်းထဲက လူအကုန်ရှေ့
အထုပ်ကြီးကို ဖွင့်ကာ မိမိယူလာသမျှ ပစ္စည်းတွေကိုပြသလိုက်သည်။

''တွေ့တယ်မလား ၊အာလူးကြော်၊ ပေါင်မုန့်ရော ၊ ပီကေတွေရော ရောက်ရင် အားလုံးဝေမျှစားကြတာပေါ့''

ဂျောင်ကုသည်လည်း အနိုင်မခံ အရှုံးမပေးပါ။

''ငါနဲ့ဂျီမင်းတို့ဟာ မင်းတို့ကိုပြမယ်၊ တွေ့လား ငရုတ်သီးစိမ်းအရသာ၊ သေချာတယ် မင်းတို့ဒီဘဝစားဖူးမှာကိုမဟုတ်ဘူး''

ဂျီမင်းသည် လက်ဖြင့် နားထင်ကို နှိပ်နယ်မိရင်း သတိပေးစကားဆိုလိုက်သည်။

"အဲ့ဒါမင်းဟာ ငါ့လာဆွဲမထည့်နဲ့''

''ကိုယ့်ဟာကလည်း မင်းဟာဘဲလေ''

''တော်စမ်းပါ''

ဆရာထန်စန်းသည်ကား ယနေ့၌
အပြာရောင် အားကစားဝတ်စုံကို ဝတ်ဆင်လို့ထားသည်။ နုပျိုသွက်လက်သည့်ပုံစံ ထင်ဟပ်စေချင်ပုံရပေမယ့် အနည်းငယ် ပြည့်ပြည့်ဝဝခန္ဓာကိုယ်ထက်
ဝတ်လို့ထားရာ သူ့အား လှုပ်ကုလားထိုင်
တစ်လုံးပေးလိုက်လျှင် ပိုပြီးသင့်တော်ပေမည်။ တလှုပ်လှုပ်နှင့် ထိုအပေါ်သာ ထိုင်ခိုင်းထားလိုက်သင့်သည်။

My Boyfriend In SectionC (Completed)  Tempat cerita menjadi hidup. Temukan sekarang