42

720 77 11
                                    

အတည်အဆင့်၁

ည(၁)နာရီရှိနေလေပြီ။

ဂျောင်ကုသည် ကလေးလေးကိုခေါ်၍ အိမ်သို့ပြန်လာ​ခဲ့ကာ အခန်းတံခါးဖွင့်လိုက် ပြီးနောက် 'ကိုယ်ဧည့်ခန်းမှာအိပ်လိုက်မယ်၊ မင်းမူးနေပြီ၊ ကိုယ့်အခန်းထဲသွားအိပ်'ဟုပြောရန် အလှည့်မှာပင် ကလေးလေးက တန်းတန်းမတ်မတ် သူ့ရင်ခွင်ထဲဝင်ရောက်လို့လာသည်။

ဂျီမင်း- ''တူတူအိပ်ကြမယ်လေ''

ဂျီမင်းမှာ ယနေ့မထိန်းလိုက်နိုင်ဘဲ ခန့်မှန်းခြေ ခုနှစ်ဘူး၊ရှစ်ဘူးခန့်သောက်ပစ်လိုက်တာ ဖြစ်သည်။ သောက်တုန်းကတော့ ဘယ်လိုမှ မနေပေမယ့် ခဏမျှအကြာမှာတော့ အရက်ရှိန် ကတရိပ်ရိပ်တက်လို့လာသည်။ ကိုယ်ကလည်း အနည်းငယ်ပူလောင်လို့လာသည်။

ဂျီမင်းသည် မျက်တောင် အသာခတ်မိကာ ယခုမှ အသိပြန်ကပ်လာခဲ့သည်။ ထိုလူ့နောက်မှလိုက် လာရင်း မသိလိုက်မသိဘာသာနှင့်အိပ်ခန်းအပေါက်ဝသို့ပင် ရောက်နေကာ သူကစပြီး အတူအိပ်ဖို့ပါခေါ်နေလေပြီဖြစ်သည်။ သူသည် နားထင်အားလက်ဖြင့်ဖိနှိပ်ရင်း 'မူး​နေလို့မှားပြောမိတာ'ဟုပြောမည်အပြု နောက်စက္ကန့်ပိုင်းမှာပင် ဂျောင်ကုက လက်ကောက်ဝတ်ကိုဆွဲကာ အခန်းအထဲခေါ်သွင်းလို့သွားသည်။

မူးနေသည့်ဂျီမင်းပုံစံက တစ်မူထူးပြီး လိမ္မာ
နေသယောင်ရှိ၏။ ပြတ်သားစူးရှသည့်အကြည့်တို့က နူးညံ့လို့သွားပြီး သူ့ကို ကြည့်လာသည့် အကြည့်တို့က ရီဝေဝေ။

''မျက်လုံးမှိတ်''

ဂျောင်ကုမှာ ထိုအကြည့်တို့ကြောင့် ချုပ်တည်းမထားနိုင်ဖြစ်ရသည်။

''လိမ္မာတယ် မျက်လုံးမှိတ်''

ဂျီမင်းကျောပြင်က တံခါးရွက်ကို မှီကပ်ထားရင်း မျက်ဝန်းတို့ကို မှေးမှိတ်လိုက်ပါသည်။

ဂျောင်ကုသည် ဂျီမင်းမျက်ဝန်းမှစကာ
အောက်ဘက်တစ်လျှောက် အနမ်းတို့
ပေးအပ်လာသည်။ ဂျီမင်းလက်ကောက်ဝတ်မှာဆို ဆုပ်ကိုင်ထားခံရဆဲရှိ၍ အနည်းငယ်ပင်နာကျင်လာရသည်။ နှစ်ဦးသား၏ အသက်ရှူသံတို့က ဖြည်းဖြည်းချင်းရောယှက်လာကာ ပြင်းပြင်းပြပြဖြင့် တစ်သားတည်းငြိတွယ်လျက်ရှိနေသည်မှာ ဂျီမင်းက လက်ကောက်ဝတ်ကို ရုန်းလျက် အက်ရှရှလေသံဖြင့် ထစ်ထစ်ငေါ့ငေါ့သူ့အား တစ်ချက်လှမ်းခေါ်လာချိန်ထိ။

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora