6

1.2K 137 46
                                    

ရှိဘူးအတန်းလစ်တယ်၊မသိဘူးလာမေးနဲ့

အရှေ့ဆောင်က အစ်ကိုကြီးဂျောင်ကုသည် အိမ်သာထဲတွင် ကျောင်းသားတစ်ဦးအား နှိပ်စက်ခဲ့သည်ဟူသည့် အရေးဟာဆိုလျှင် အတန်းအားလုံးတွင် ရုတ်ရုတ်သဲသဲပျံ့လို့နေသည်။

ကျောင်း၏ဆိုးသွမ်းလွန်းသူ၊ ပြဿနာရှာရသည်အား ကြိုက်နှစ်သက်လွန်းသည့်သူအဖြစ် ထိုအစ်ကိုကြီးမှာ နာမည်ကြီးလှသော်လည်း များသောအားဖြင့် ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကိုတော့ကျောင်းပြင်ပလူတွေနဲ့သာ ဖြစ်တတ်ပြီး ကျောင်းတွင်းနဲ့တော့ မဖြစ်ခဲ့ဘူးချေ။

အတန်းCတွင် Group Chartတစ်ခုရှိသည်။ ကျောင်းသားတစ်ချို့သည် ခေါင်းငုံ့ကာ ဖုန်းမျက်နှာပြင်ထက် လက်ချောင်းလေးများ ပြေးလွှားလို့နေသည်။

//ဝါး...သူဒီနေ့အတန်းလာတက်တယ်...ယုံတောင်မယုံနိုင်ဘူး//

//သူ့ပုံစံကြည့်ရတာအေးအေးဆေးဆေး
ဖြစ်နေပုံဘဲ..အကြောက်အလန့်ကိုမရှိဘူး//

//ကြောက်ဖို့ကောင်းချက် ...ငါဖြင့်လှုပ်တောင်မလှုပ်ရဲဘူး//

//အရိုတ်ခံရတဲ့ကျောင်းသားနာမည်က ​မင်ယော့တဲ့.. ဒီနေ့ဆေးရုံကဆင်းတယ် ၊ ငါကြားတာတော့ ဆရာမဝူက ပထမနှစ်တုန်းက
မင်ယော့ကိုစာသင်ပေးဖူးတယ်တဲ့၊ မင်ယော့က နောက်ခံအင်အားရှိတော့ သူသားလိုလိုကိုသဘောထားတာတဲ့...တကယ်တမ်း အဲ့ကျောင်းသားက ဘယ်လိုလူမျိုးလဲ ဆိုတာမြင်ကြတာမဟုတ်ဘူး။ //

//ဆရာမဝူက ရာထူးတက်ဖို့ ပြင်ဆင်နေတာ၊ဒါကြောင့် မင်ယော့က အကောင်ဆုံးရွှေတုံးကြီးလေ၊ သူကနည်းနည်းလေး​တောင်အထိခံမှာမဟုတ်ဘူး၊ ဂျောင်ကုတော့သွားပြီဘဲ..//

//ခဏလေး..မင်းစောစောက ဘာပြောလိုက်တယ်?..မင်ယော့က စာတော်တဲ့စံပြကျောင်းသားမဟုတ်ဘူးလား//

//ညံ့ချက်..မင်းရဲ့မျက်လုံးတွေနားတွေကို ခွေးကျွေးလိုက်တာလား?...//

My Boyfriend In SectionC (Completed)  Où les histoires vivent. Découvrez maintenant