41

707 77 13
                                    

မင်းမို့လို့ကိုသဘောကျခဲ့တာ

ဂျောင်ကုသည် အစောကတည်းက ခေါင်းကို
ငုံ့ချထားပြီး အောက်ဘက်လှေကားထစ်တွေထံမျက်တောင်မခတ်စတမ်း စိုက်ကြည့်ရင်း
ခေါင်းထဲ၌လည်း လျှောက်တွေးနေမိခိုက်
ထိုစကားတစ်ခွန်းအား ကြားချိန်မှာတော့ ရုတ်ခြည်းမော့ကြည့်လိုက်မိပါသည်။

ဂျီမင်းကိုကြည့်ရသည်၌ တုံ့ပြန်မှု
ကြီးကြီးမားမားမရှိ။ တစ်ခုတည်းသောတုံ့ပြန်မှုမှာ ဂျောင်ကုစား၊မစားပြောလာသည်ထိ
မစောင့်ဘဲ ချက်ချင်း ချိုချဉ်အား သူ့ပါးစပ်တွင်းထိုးထည့်လာခြင်းပင်။ဂျောင်ကု ကြောင်အသွားခဲ့ရသည်။

ထို့နောက်မှာတော့ သစ်သီးအရသာအား တဖြည်းဖြည်းခံစားမိလာသည်။

ချို၏။

ကလေးလေးစားထားတဲ့ဟာ။

ကလေးလေးက သူ့ကို ကိုကိုဟုလည်းခေါ် သေးသည်။

ဂျောင်ကုခေါင်းထဲက ကျန်အတွေးများ
အကုန်လွင့်ပါးသွားခဲ့ရပြီး ထိုတစ်ကြောင်း သာလျှင် ကျန်ရစ်ခဲ့တော့သည်။
ဒါတော့သိပ်ကိုတရားလွန်သွားခဲ့ပြီ။

ဘေးနားက ထိုင်နေသည့် နောက်ဆုံးအဆင့်(၂)ရသူကလည်း ဖွင့်ဟမလာသေးသည်ကို သတိရကာ စကားလမ်းကြောင်းလွှဲလိုက်ပါသည်။

''မင်းကရော''

''ငါလား ''

ဂျီမင်းက တည်ငြိမ်အေးစွာဖြင့်ပင်ဆိုလာသည်။

"ငါကသိပ်ကိုထူးချွန်နေတော့ ကိုယ့်ကိုကိုယ်တောင် လန့်မိပြီး အခြားသူတွေကိုလည်း အခွင့်အလမ်းလေးပေးချင်လို့လေ''

ဂျောင်ကုသည် နားထောင်ရင်းမှ ဆို့နင်လို့သွားကာ လက်ကိုမြှောက်၍ ဂျီမင်းဆံပင်တို့အား တစ်ချက်လှမ်းဖွလိုက်သည်။

ဂျောင်ကု- "အတည်ကလေးနေလို့ရမလား၊ ကိုယ်နဲ့နေတာကြာလို့ ကိုယ့်ရောဂါတွေကူးသွားတာများလား''

ဂျီမင်း၏ကိစ္စကတော့ အိမ်တွင်းရေးကိစ္စကြောင့် ဟုဆိုရမည်။ ဂျီမင်းအိမ်တွင် ဉာဏ်ရည်မမှီတဲ့အစ်ကိုကြီးရှိမှန်း ဂျောင်ကုအရင်တစ်ခေါက်တည်းက သိရှိထားသည်။ တစ်ချိန်တည်းမှာပင် ကော်ရစ်တာထက် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ တစ်ခွန်းသော်မျှ ထပ်မသွားသည့် ညစ်ညစ်ညမ်းညမ်း ဆဲရေးစကားတို့ ဆိုနိုင်တဲ့ ကလေးလေးရဲ့ အရည်အချင်းကိုလည်း တွေ့မြင်ခဲ့ရသည်။

My Boyfriend In SectionC (Completed)  Tempat cerita menjadi hidup. Temukan sekarang