39

731 84 5
                                    

ရမ်မာခင်းနေတာတွေကိုရပ်စမ်း

ခုနက အန်တီကင်မ်မှာ အရေးပါတာရော၊
မပါတာတွေရော တစ်လှေကြီး ပြောလို့သွားသည်။ ထယ်ယောင်းက ဖုန်းကိုပြန်လုချင်
ပေမယ့်လည်းမအောင်မြင် ၊ ယခုဖုန်းထဲက
ထိုဆူညံသည့် အသံဗလံတွေရပ်တန့်သွားပြီးနောက် ဂျီမင်းသည် တစ်ခုခုအား လွမ်းဆွေးသွားရသလို စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရသည်။

ထိုစိတ်မချမ်းသာမှုမှာ ချွန်းဆောင်းလမ်းမှ
ပြောင်းလာခဲ့ရတုန်းက ခံစားချက်နှင့်ဆင်နေလေသည်။  ထိုစဉ်အခါက မသိစိတ်ကနေပြီး
ထယ်ယောင်းတို့ ဆိုင်က မနက်စာအား
သွားစားချင်မိကာ ဆက်လက်၍ ပြတင်းပေါက်မှတစ်ဆင့်ကြားရတတ်သည့် အော်ဟစ်ဈေးရောင်းသံတို့အားလည်း ကြားရတော့မည် မဟုတ်မှန်း သိရှိလိုက်ရချိန်တုန်းကလိုပင်။

ဂျီမင်းသည် ဆက်လက်တွေးမိလေလေ ပိုလို့
စိတ်အဆင်မပြေဖြစ်လာရသည်။ အရင်လိုသာဆိုပါက 'F**k'ဟုတစ်ချက်ဆဲရေးပစ်ကာပြီးလိုက်လို့ရပေမယ့် အခုဂျောင်ကုက ဘေးတွင်ထိုင်လျက်ရှိနေသည်။

ထိုအရူးကောင်မှာ လူတိုင်းနှင့် 'အေးဆေးစွာ မျက်နှာချင်းဆိုင်နိုင်ရန်'ဆိုသည့် တစ်အုပ်
ဖတ်လို့နေပြီး ဖတ်ရင်းမှ စိတ်ဝင်စားဖို့
ကောင်းတာတစ်ခုခုတွေ့လျှင်လည်း သူ့ကိုဖတ်ပြ လာတတ်သည်။

''ကလေးလေး မင်းဒီစာအုပ်ကို မဖတ်ဘူးမလား။ ကိုယ့်အထင်တော့ အတော်လေး အသုံးဝင်တယ်။ ''စိတ်သဘောထား ကြီးမားကျယ်ပြန့်သလောက် သည်းခံနိုင်စွမ်း မြင့်မားမှာဖြစ်ပြီး နယ်နိမိတ်မျဉ်းဆိုတာကလည်း ကျယ်ပြောမှုနဲ့ ကျဉ်းမြောင်းမှုကိုအဆုံးအဖြတ် ပေးတယ်'' များများသင်ယူစမ်းပါ တစ်နေ့ တစ်နေ့ ကိုယ့်ကိုဘဲ
အိမ်တွင်းအကြမ်း..အယ်.. မဟုတ်.. ကိုယ့်ကို ခြေပါလက်ပါဖို့ဘဲသိမနေနဲ့''

ဂျောင်ကုသည် အိမ်တွင်းအကြမ်းဖက်
ဆိုသည့်စကားလုံးတို့အား ပြန်လည်သာ မြိုချလိုက်ပါသည်။

ဂျီမင်းသည် နှုတ်ဟ၍ သူ့အားလှမ်းခေါ်လိုက်မိလေသည်။

''ကိုကို...''

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora