30

866 93 47
                                    

ဒီနေရာကသိပ်မကောင်းပေမဲ့ မင်းကို ထိတွေ့ချင်စိတ်ကို ကိုယ်ထိန်းမထားနိုင်တော့ဘူး။

သူတို့၏ အစ်ကိုဂျောင်ကုမှာ အသက်ရှင်ရမှာ ငြီးငွေ့သွားသည့် ပုံစံပေါက်ရုံ သာမက
အပြောင်းလဲကြီးပင် ပြောင်းလဲကာ
နောက်တစ်နေ့ မနက်၌ အစောကြီး အတန်းထဲသို့ရောက်နေလေသည်။

''မင်းဒီနေ့စောတယ်နော်''

ယွန်းဂီမှာ ဒီနေ့ အသင်းကျသဖြင့်
မနက်အစောကြီးထ၍ စိတ်ပျက်ဖွယ်ရာ
လူ့ ဘ၀ကြီးကို ရင်ဆိုင်နေရသည်။

''စောလွန်းလို့ ထူးဆန်းဖို့တောင် ကောင်းတယ်''

ဂျောင်ကုသည် လှမ်းကြည့်ရင်း ရယ်ကာ
ပြောလိုက်​လေသည်။

''မင်းပြောပုံက ငါက အမြဲ နောက်ကျနေတဲ့ အတိုင်းဘဲ''

ယွန်းဂီမှာ လုံးဝကို အံ့ဩသွားခဲ့ရသည်။
'မင်းကမဟုတ်လို့လား' ဟုပြောပစ်ချင်ရပေမယ့် အဆုံးမှာတော့မပြောဖြစ်တော့ဘဲ ခေါင်းကိုသာခါယမ်းလျက် ဖုန်သုတ်ဝတ်ကို ယူ၍ သန့်စင်ခန်း၌ သွားရောက် လျှော်လိုက်ပါ​​တော့သည်။

ဂျီမင်း အတန်းထဲသို့ ရောက်ချိန်မှာတော့
အတန်းထဲရှိ လူအကုန်နီးပါးပင် ရောက်လို့နေကြပြီ ဖြစ်သည်။ ဆောင်ဘင်းတစ်ယောက်
ဆရာတွေ ရုံးခန်းအပေါက်ဝကနေ အပြေးအလွှားပြန်လည် ရောက်ရှိလာ​​လေသည်။

''သတင်းကောင်း.. အဖြေလွှာတွေ စစ်လို့မပြီး သေးဘူးတဲ့၊ စစ် !မပြီး! သေး!ဘူး! အသက်
တစ်ရက်လောက် ပိုရှင်လို့ရသေးတယ် ဘော်ဒါတို့ရေ''

ယွန်းဂီမှာ ဖုန်သုတ်ဝတ်ကို ပစ်ချလိုက်ပြီး စင်မြင့်ထက်ရပ်ကာ ဆောင်ဘင်းနှင့် ပွေ့ဖက်လျက်ရှိချေတော့သည်။

''သတင်းကောင်းဘဲ.. ငါတို့တွေ နေ့လည်ကြ
တစ်နပ်လောက် ကောင်းကောင်းလေး
စားသောက်ကြရအောင်။ သေရင်တောင်
ဂုဏ်ကျက်သရေရှိရှိ သေကြတာပေါ့''

''ဘာတွေလဲ ''

ဂျီမင်းသည် အနောက်ပေါက်မှ ဝင်ရောက်လာပြီး ဝင်ထိုင်လိုက်သည်။

"သေမှာတွေရော ရှင်မှာတွေရော''

ဂျောင်ကုမှာ တစ်မနက်ခင်းလုံး ပွက်လောရိုက်နေသည်ကို ကြည့်ရင်း နောက်ဆုံးမှာတော့ သူစောင့်မျှော်နေသည့် က​လေးလေးလည်းရောက်လို့လာလေပြီ။

My Boyfriend In SectionC (Completed)  Where stories live. Discover now