11

872 104 20
                                    

စာဖြေခန်းထဲမှာလက်ကိုင်ကြမယ်

ဂျီမင်းသည် ပါးစပ်ကသာ သူ့ကိုထိုးမည်
ပြောနေပေမယ့် တကယ်တမ်းကျ နှစ်ဦးသားမှာ သန့်စင်ခန်းအပေါက်ဝ အရှေ့သို့ပင်
မရောက်လိုက်ကြဘဲ လှည့်ပြန်လာခဲ့ကြသည်။

''ကောင်းပြီ.. ကောင်းပြီ၊ ငါအရှုံးပေးတယ် ''

ဂျောင်ကုသည် ဂျီမင်းအား အနောက်ကနေ
သိုင်းဖက်လိုက်ကာ ကလေးတစ်ယောက်ကို
ချော့မြူနေသလိုမျိုးပြောလို့လာသည်။

''မနောက်တော့ဘူးနော်''

ဂျီမင်းမှာ တကယ်​စိတ်ဆိုးနေခြင်း အလျဥ်း
မရှိပေ။ ဆောင်ဘင်း ပြောလာသည့် နေကာပေးသည်ဆိုသည့်ကို ကြားရစဉ်အခါက
သူသည် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားခဲ့ရသည်။

ထို့နောက်မှာတော့ သူ့စိတ်ထဲ ထူးထူးဆန်းဆန်းခံစားချက် တစ်စုံတစ်ရာကလည်း
ဘာမဆိုင်ညာမဆိုင် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသေးသည်။ တွေးမိလေလေ ကသိကအောက် ဖြစ်စေပြီး အဆုံးမှာတော့ သူ့အတွေးထဲ ရိုးရှင်းလှသည့် ဖြေရှင်းနည်းတစ်ရပ်သာကျန်ခဲ့တော့သည်။

တစ်ချက်လောက် ဆွဲထိုးပစ်လိုက်မည်ဟူ၍။

ဟိုဆော့သည် ကြည့်နေမိရင်း စိတ်ပူသွားခဲ့ရသည်။

''သူတို့နှစ်ယောက်က ဘာတွေလုပ်နေကြတာလဲ''

သူထင်မိထားသည်မှာ ဒုတိယနှစ်တစ်ခုလုံး  အစ်ကိုကြီးတို့ရဲ့ တစ်ပွဲတစ်လမ်းချကြတော့မည်ကို ရှုစားရမည်ဟူ၍၊ ကိုယ်ကျွမ်းကျင်ရာတို့ဖြင့် ခပ်မိုက်မိုက်နွှဲကြတော့မည်ဟု
တွေးထင်ထားခဲ့တာဖြစ်သည်။ ရုတ်ချည်းဆိုသလို မနက်က တစ်ကုတင်တည်း နှစ်ယောက် ဖတ်အိပ်နေကြသည့် မြင်ကွင်းအား ဟိုဆော့ပြန်၍ သတိရသွားလေသည်။

''သူတို့ အချစ်စမ်းနေကြတာများလား''
..........

လပတ်စာမေးပွဲ ရောက်ခဲ့ပြီ။

ဒီနေ့အတန်းချိန်(၈)ချိန်လုံးဟာဆိုလျှင်ဖြင့်
တစ်လလုံးလုံး သင်ထားသမျှတွေကို စုစည်းကာ အရည်အချင်းစစ် စာမေးပွဲတစ်ခုအား ဖြေဆိုရမည်ဖြစ်သည်။ တစ်လပိုင်း၌ ကျင်းပမည့်စာမေးပွဲကြီးအတွက် ပြင်ဆင်သင့်သည်များပြင်ဆင်နိုင်ရန် အတွေ့အကြုံယူသည့် စာမေးပွဲတစ်ခုလည်းဖြစ်ပေသည်။

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora