10

1K 108 38
                                    

ဟေ့ဒုက္ခိတ မင်းရည်းစားထားဖူးလား?

ဆေးပေးခန်းထဲ၌...။

''အဆစ်လွဲသွားတာဘဲ၊ရက်အနည်းငယ်လောက်အနားယူရမယ်၊ အားကစားပြင်းပြင်းထန်ထန်တွေလုပ်လို့မရဘူး။ တစ်ခုခုဖြစ်တာတို့ ၊ မသက်သာတာတို့ရှိရင် ပြန်လာခဲ့၊ ပြီးတော့ ပိုသတိထားရမှာက ''

ဒေါက်တာသည် ဂျောင်ကု၏ အကြောင်းကို နှောကျေနေသည့်နှယ် သတိပေး၍လာသည်။

''​လုံးဝရန်ဖြစ်ဖို့မစဉ်းစာနဲ့၊ ဖြစ်လို့ကတော့
ခြေကျိုးပြီး မသန်မစွမ်းဖြစ်သွားမှာဘဲ''

အတန်းသို့ပြန်ရောက်သည်နှင့် ဂျောင်ကု၏
ခြေချင်းဝတ်ဟာဆိုလျှင် လူတွေဝိုင်းအုံကြည့်
သည်အထိ ဆွဲဆောင်လို့နေသည်။

ယွန်းဂီကတော့ စိတ်နှင့်လူမကပ်စွာ အထက်ကနေ အောက်စုန်ဆန်ကြည့်ရင်း သက်ပြင်းချလိုက်လေသည်။

အားကစားခေါင်းဆောင် ဆောင်ဘင်းက
ဖြင့် သူတို့အခန်းC၏ ဘက်စကတ်ဘောအသင်း ခေါင်းဆောင်ကြီးအား ရင်ထုမနာခံစားနေရသည့်နှယ့် ကြည့်လိုက်ပြီး အသံကျယ်ကျယ်နှင့် အော်မေးလို့လာသည်။

''ခေါင်းအောင် ၊ အဲ့တာက တကယ်ကြီးအဆစ်လွဲတာဘဲ၊ ဘယ်လိုဖြစ်တာတုန်း''

''အဲ့ဒါလား၊ သိချင်ရင် မင်းငါ့ရဲ့Deskmateကို မေးကြည့်ကြည့်''

ဂျီမင်းသည် ဗလာနတ္တိမျက်နှာဘေးဖြင့် ပြောလို့လာသည်။

''ငါကန်ချပစ်လိုက်တာ ၊ စိတ်မကောင်းပါဘူး''

အတန်းသူအတန်းသားအားလုံးမှာ ဆွံအသွားကာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်လို့ သွားပေသည်။ ထိုအချိန်တွင် ကျယ်လောင်စွာထွက်ပေါ်လာသော ကျောင်းခေါင်းလောင်းသံကြောင့် ကျောင်းသူချီချီသည် လက်ခုပ်ထတီးလာတော့သည်။

''Yes!..ကာယအချိန်ဟေ့''
...........

ကာယအချိန်တွင် ကျောင်းသားအားလုံးမှာ များသောအားဖြင့် ဘက်စကတ်ဘောကစားကြပေသည်။ အမှတ်၂ဆိုသည်နှင့်
ဘက်စကတ်ဘောသည်တွဲစပ်၍ ပါလာတက်ပြီး ကျောင်းသားအားလုံးသည် စာပေရေးရာထက် အားကစားတွင် ပို၍အားသာကြကာ ကျောင်းသားများသာမက ကျောင်းသူများကပါ စိတ်ဝင်တစားရှိတက်ကြသည်။

My Boyfriend In SectionC (Completed)  Where stories live. Discover now