22

795 92 4
                                    

ဂျောင်ကုအတိတ်ဇာတ်ကြောင်းအား ပြန်လည်တူးဖော်ခြင်း အပိုင်း (၂)

ဂျောင်ကုသည် စီးကရက်အား လက်၌ ညှပ်လို့ထားပြီး ဘေဘီမှာလည်း စီးကရက်နံ့တွေ အပြည့်ဖြင့်။ ဘာကြောင့်ရယ်မသိပါ။
မကောင်းတာလုပ်နေချိန် လူမိသွားသကဲ့သို့ ခံစားချက်မျိုး ရလို့လာသည်။ အတော်ကြာ ဆွံ့အနေမိပြီးမှ သူသည်ပြောလိုက်သည်။

''မလိမ္မာဘူးပေါ့လေ...မအိပ်သေးဘူးလား?''

ယခုလေးတင် ဆေးလိပ်သောက်ထားခြင်း
ကြောင့်ဖြစ်နိုင်ချေရှိသည်။ ဂျောင်ကုအသံအား နားထောင်ရသည်မှာ အတော်လေး ကွဲအက်လျက်ရှိသည်။ လေးပင်ပင်ဖြင့် အဆုံးသက်၌ တိမ်ဝင်သွားသည်။

ပြောပြီးသည့်နောက် သူသည် လက်ချောင်းအားကို ဖြေလျှော့ချလိုက်ရာ ဆေးလိပ်တိုမှာ
အလိုအလျောက် အောက်သို့ ပြုတ်ကျသွားခဲ့
သည်။ ထို့နောက်တွင်မူ သူသည် ဘာဆက်ပြောရမည်မသိတော့ချေ။

ဂျောင်ကု၏ ယခုကဲ့သိုပုံစံအား ဂျီမင်း ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
သူ ဂျောင်ကုနှင့် စ​တွေ့ချိန်တုန်းကဆို အနှီ
လူမှာ ဆေးလိပ်ဖြတ်ပြီးနေပြီဖြစ်သည်။ ယခုတွင်တော့ လေထုထဲတွင် နီကိုတင်း အနံ့တွေကို ရှူရှိုက်ရင်းမှ ဂျီမင်းသည် လူတိုင်းလိုလို ထိတ်လန့်ကြောက်ရွံ့ရပါသည့် အရှေ့ဆောင်အစ်ကိုကြီးရဲ့ ပုံစံသည်ကား ယခုလိုပုံစံမျိုးလားဟု တွေးမိလာရသည်။

ထိုအစ်ကိုကြီးသည် စိတ်ဓာတ် အနည်းငယ်
ကျနေသည့် သွင်ပြင်ရှိသည့်တိုင် ဆိုးသွမ်းဟန်ဖြင့် သန်မာလွန်းနေသည်။ အတန်ငယ် ပင်ပန်းနွမ်းလျကာ စိတ်ဆတ်သည့်ပုံစံပေါက်နေလေသည်။

"ငါအိမ်သာအရင်သွားလိုက်ဦးမယ် "

အရှေ့သို့ ခြေသုံးလေးလှမ်းမျှ ရောက်ပြီး
သည့်အခါမှ ဂျီမင်းသည် အနောက်ကိုလှည့်ကာ ပြော၍လာသည်။

''မင်းက .. ဒီမှာ လိမ်လိမ်မာမာနေခဲ့..ဘယ်ကိုမှမရွေ့နဲ့'''

ဂျောင်ကုသည် 'အာ' ဟူ၍သာ အသံပြုမိရင်း
သူ့ရှေ့ကနေ ဂျီမင်းလျှောက်ထွက်သွားခါနီး
ကျမှ အမှတ်ရလိုက်သည်။

My Boyfriend In SectionC (Completed)  Where stories live. Discover now