29

773 91 29
                                    

First Kiss

ဂျီမင်းသည် ဂျောင်ကုထံ တစ်ချက်လှမ်းလို့ကြည့်လိုက်သည်။ ထိုသူမှာ ချုံထဲမှ ကိုယ်တစ်ပိုင်းထွက်နေသည့် ကြောင်တစ်ကောင်နှင့် ဆော့လို့နေလေသည်။ လက်တစ်ဖက်က ကြွတ်ကြွတ်အိတ်ကို ကိုင်လို့ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ ဝီစီလုပ်၍ မှုတ်နေတာ အတော်ကြာပြီးပေမယ့်
ထိုကြောင်ကတော့ သတိအ​နေအထားဖြင့်
သူ့ကို ပြူးကြည့်လို့နေသည်။

အဆုံးတွင်တော့ ဂျောင်ကုသည် မတတ်နိုင်တော့ဘဲ ဆောင့်ကြောင့်ထိုင်၍ လက်ဖျောက်တီးလိုက်သည်။ ချောမောကြည့်ကောင်းလွန်းလှသော်ငြား ထိုကြောင်ကတော့ဖြင့် လန့်ကာ တစ်ချက်အော်ပြီး ခေါင်းကိုလှည့်၍ ချုံထဲဝင်ရောက်သွားပါ ​တော့သည်။

''ဘယ်ကိုပြေးတာလဲ ၊ မင်းကိုကိုက်မစားပါဘူးကွ''

​ဂျောင်ကုသည် ထရပ်မလို့ ပြင်လိုက်စဥ်မှာပင် ကလေးလေးက သူ့ဘေးနား ဆောင့်ကြောင့်လာထိုင်ရာ လှည့်ကြည့်၍ မေးလိုက်သည်။

''ဖုန်းဆက်ပြီးသွားပြီလား''

ဂျီမင်းသည် ဖုန်းကိုပြန်ပေးလိုက်သည်။

''ဆက်ပြီးပြီ ၊ ကိုင်မယ့်သူမရှိဘူး''

ချွဲ​ဟေမင်မှာ အပြင်ထွက်လို့သွားပြီး ဖုန်းက
ကျန်ခဲ့ပုံရသည် ။ အိမ်ဖုန်းကိုတော့ သူ တိုက်ရိုက်ကြီးမဆက်ချင်ပါ။များသောအားဖြင့် အိမ်ဖော်တွေ ကိုင်တာဖြစ်ပြီး ကိုင်သည့်အကြိမ်တိုင်းလည်း ဒုသခင်​လေးဟု ခေါ်တော့မည်မှာ ကြိုသိလို့နေသည်။

ဂျောင်ကုကတော့ဖြင့် Google၌ အနမ်းပေးနည်း ခိုးရှာထားမိခြင်းအား လူမြင်သွားသည်ကို မသိသေးချေ။ သူသည် ဖုန်းကို ပြန်ယူလိုက်ပြီး အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ ပြီး​နောက် မက်တပ်ထရပ်လိုက်စဉ်မှာပင်
ဂျီမင်းထံမှ ခေါ်လာသံအား ကြားလိုက်ရသည်။

"ဂျောင်ကု''

ဂျောင်ကုသည် ခြေငြိမ်အောင် ရပ်လိုက်ပြီး
ဘေးဘက်သို့ စောင်းငဲ့ကြည့်လိုက်သည်။

"အင်း?''

ဂျီမင်းမှာ ဆောင့်ကြောင့် ထိုင်နေတုန်းရှိပြီး ခုနက ကြောင်ကိုခေါ်နေသည့် သူ့ပုံစံကို အတုခိုးကာ သူ့ထံ လက်ချောင်းကလေးဖြင့် လာခဲ့ဖို့ အချက်ပြလာသည်။

My Boyfriend In SectionC (Completed)  Hikayelerin yaşadığı yer. Şimdi keşfedin