18

844 104 31
                                    

ကလေးလေး၊ မင်း ချစ်သူချောချောလေးတစ်ယောက်လောက်လိုချင်ဘူးလား

ကျောင်သားအားလုံး၏ စိတ်သည်  ဒီတစ်ပတ်လုံးလုံး အားကစားပြိုင်ပွဲထံ၌သာလျှင် ရှိနေလေသည်။

တစ်တန်းလုံး ဆင်တူဝတ်မည့်အင်္ကျီအား
ချီချီက ရွေးချယ်ပြီး sweatshirtအမျိုးအစားအား ရွေးလိုက်လေသည်။ အတော်လေး အသုံးလည်းဝင်သလို သာမန်အချိန်များတွင်လည်း ဆက်ပြီးဝတ်လို့ရ​လေသည်။ ယွန်းဂီသည်ကား ကျက်သရေတင့်တယ်ကာ မြင့်မြတ်လှသည့် princessဝတ်စုံကိုဝတ်ဆင်ရန် မဲပေါက်ထားလေသည်။

ကာယဆရာမှာဆို ဆောင်းရာသီအားကစားပြိုင်ပွဲအတွက် ကျောင်းသား အားလုံးအား လွတ်လွတ်လပ်လပ် လေ့ကျင့်ချိန်ပေးလို့ထားသည့်အပြင် တာဝန်ယူညွှန်ပြပေးခြင်းမျိုးလည်းလုပ်ပေး​လေသည်။

''ဘယ်သူတွေ ဒိုက်ထိုးဖို့စာရင်းပေးထားကြလဲ''

''နှိုက်ထိုးမှာဘယ်သူတွေလဲ? (၈)ယောက်စာရင်းပေးထားတယ်မလား။ အားလုံးဘဲထွက်လာပြီး မင်းတို့ရဲ့ လုပ်နိုင်စွမ်းကိုပြကြစမ်း''

အခန်းCတွင်တော့ ကျောင်းသားတစ်ဦးသည် အားကစားတစ်ခုခုအား မဖြစ်မနေ ကစားရမယ်ဟု အားကစားကိုယ်စားလှယ်
ဆောင်ဘင်း၏ အမိန့်တော်ကြောင့် ဂျောင်ကုမှာ ''ငါနဲ့ငါ့ကလေးလေးကို အဆင်ပြေတဲ့နေရာသာထည့်လိုက်'ဟု ပြောခဲ့သဖြင့် သူတို့နှစ်ဦးအပါအဝင် ကျောင်းသားရှစ်ယောက်သည် ဒိုက်ထိုးရန် တန်းစီထွက်ပေါ်လို့လာကြသည်။

''မင်းအကြိမ်အရေအတွက် ဘယ်လောက်
လုပ်နိုင်လဲဆိုတာကို တွက်မှာမဟုတ်ဘူးနော် ၊ ဒိုင်သူကြီးက မင်းရဲ့လုပ်ဆောင်ချက် စံချိန်မီမမီ ဆိုတာကိုကြည့်မှာ၊ မနှစ်ကအားကစားပွဲမှာတုန်းကဆို ဟိုပထမလက်ရွေးစင် လုပ်တာတော်တော်လေး အားပါပြီး ဘယ်သူထက်မဆို တော်တော်မြန်တယ်ပြောရမယ် ၊ ဒါပေမယ့် ရလဒ်ကျတော့ ငါမင်းတို့ကိုပြောမယ်နော် ၊ အနှေးဆုံးတစ်ယောက်ကနိုင်သွားပါလေရော''

ကာယဆရာမှာ သူတို့အား ဒိုက်ထိုးခိုင်းထား
ပြီးနောက် စရေလို့ ရပြီဟုပင် မပြောရသေး ကျောင်းသားတစ်ယောက်မှာ မတောင့်ထားနိုင်တော့ဘဲ လဲကျသွားတော့သည်။

My Boyfriend In SectionC (Completed)  Hikayelerin yaşadığı yer. Şimdi keşfedin