26

891 94 40
                                    

မင်းကိုသဘောကျရတာက ဆေးစွဲသလိုစွဲစေပါလား

နှစ်ဝက်စာမေးပွဲ ဖြေဆိုဖို့ရာ တစ်ရက်အလိုတွင် တစ်နေ့လုံး မိုးတွေရွာသည်မှာ နောက်နေ့ မနက်မှာဆို လမ်းတွေပေါ်၌
ရေတွေဖြင့် စိုထိုင်းလျက်ရှိသည်။

''ကျောင်းသားတို့ ရာသီဥတုက အေးလာနေပြီ။ အင်္ကျီထပ်ဝတ်လာကြဖို့မမေ့နဲ့ ၊
နွေးထွေးတဲ့ နှလုံးသားတို့နဲ့ ဒီနေ့စာမေးပွဲကြီးကိုကြိုဆိုလိုက်ကြရအောင်''

ခွေးရူးမှာ အသံလွှင့်ရာမှ စာမေးပွဲဖြေဆို
ရမည့်ကျောင်းသားများထံ နေ့စဉ်ဂရုတစိုက်ရှိနေသည်။

''သိပ်ကောင်းတဲ့ ဆိုရိုးစကားရှိတယ်။ စစ်ရေးလေ့ကျင့်ဖို့ရန်က ရက်ပေါင်းထောင်ချီ ကြာညောင်းပေမယ့် စစ်တိုက်ထွက်လျှင်မူ အချိန်တဒင်္ဂသာ ကြာလေသည်တဲ့ ၊
ကိုယ့်ကိုကိုယ် နောင်တတွေမပေးနဲ့ ၊ ကြိုးစားထားကြ ဖြေဆိုမယ့်ကျောင်းသားတို့"

စာမေးပွဲခန်း ပြောင်းဖို့က (၁၀)မိနစ်သာလိုတော့ပေသည်။ ထန်စန်းမှာ စင်ထက်၌
ခုံနံပါတ်တွေ ဖြည့်လို့နေပြီး ကျန်ကျောင်းသားများမှာတော့ ထိုင်နေရာတွေ ပြောင်းပြီးနောက် ရသလောက် အချိန်လုကာ ကဗျာစာသားတွေ၊ ပုံသေနည်းတွေကို ကျက်မှတ်လျက်ရှိလေသည်။ စာမေးပွဲခန်းပြောင်းရန် ခေါင်းလောင်းထိုးလာချိန်တွင်တော့ ကျောင်းသားများသည် စာရေးကိရိယာတို့ကို
ယူပြီး ကျရာစာမေးပွဲခန်းရှိရာသို့သွားကြ တော့သည်။

ဂျောင်ကုနှင့်ဂျီမင်းတို့ကတော့  စာမေးပွဲခန်း အတူတူပင်ကျပြီး ရှေ့တစ်ခေါက် လပတ်
စာမေးပွဲတုန်းကအတိုင်း တစ်ပုံစံတည်းပင်။

ဂျီမင်းသည် နေရာတွင်ဝင်ထိုင်လိုက်ပြီး
ဂျောင်ကုကတော့ သူ့နောက်တွင် ထိုင်ကာ
နှစ်ဦးသား နီးနီးကပ်ကပ်ရှိနေကြသည်။

''ကလေးလေး၊ ကိုယ့်အထင် ဒီနေ့ ကိုကို့ရဲ့အခြေအနေက မဆိုးဘူးလားလို့။ အမှတ်များများဖြေနိုင်မယ်လို့ ထင်နေတယ်''

"အဲ့ဒါဆိုလည်း မင်းဆက်သာထင်နေလိုက်''

ဂျီမင်းကပြောသည်။

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora