31

820 94 23
                                    

ဆောင်းဦးအပျော်ခရီး

ဘယ်သူက အရင်စလို့ တစ်ဖက်လူနား
တိုးကပ်ပစ်လိုက်သည်မသိ အသိပြန်ဝင်လာချိန်မှာတော့ ဂျောင်ကုလက်က ဂျီမင်းခါးထက် ရောက်နေလေပြီး သည်းမခံနိုင်တော့သည့်အဆုံး အားနှင့်ဆွဲဖက်ပစ်လိုက်တော့သည်။

ကောင်ကလေး၏ အရိုးအဆစ်တို့အား
ထိတွေ့လိုက်စဉ်တွင် တောင့်တောင့်ဖြောင့်ဖြောင့်ရှိကာ စိတ်ကလည်း မာဆတ်လွန်းလှသော်ငြား ကျန်နေရာလေးတွေကတော့ မယုံနိုင်လောက်အောင်ကို နူးညံ့အိစက်လှသည်။

ဂျီမင်းမှာ အတင်းအနမ်းခံလိုက်ရ၍
စကားသံပင် မထွက်နိုင်တော့ဘဲ လက်ဖြင့်သာ သူ့အား အသာတွန်းဖယ်မိသည်။၊
'' F**k'' ဟု ဆဲရေးလိုက်မိချိန်တွင် လေသံက တိမ်ဝင်ကွဲအက်ကာ အဆုံးသတ်လေသံမှာဆို အားပျော့သွားပြီး အင်အား
နည်းနည်းလေးမှ မရှိတော့သလိုပါပင်။

''ဂျောင်ကု.. မင်းကခွေးနှစ်ဖွားများလား?"

တံခါးရွက်နောက်က နေရာလွတ်သေးသေးလေးမှာဆို လူနှစ်ယောက် ကွယ်ဝှက်နေဖို့ရာ မစွမ်းသာနိုင်ပေ။ ဂျောင်ကု၏ တစ်ကိုယ်လုံးက ပို၍တိုးကပ်လို့လာပြီး နှစ်ဦးသားကြားရှိ နေရာလပ် တစ်ဝက်လောက်ထိကို အားနှင့်ဖိကပ်လို့လာရာ ဂျီမင်းပင် အသက်ရှူမဝ
လုနီးနီး ဖြစ်သွားရပြီး နံရံနှင့် ထိစပ်နေသည့် ကျောပြင်သည်လည်း အဖိခံရ၍ နာကျင်လို့လာသည်။

အနမ်းများ ကြာရှည်လွန်ကြူးလာသောအခါ
ဂျီမင်း၏ နှုတ်ခမ်းပင် ပေါက်လို့သွားပြီနှင့်တူသည်။ နှုတ်ခမ်းစွန်းက အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသလို ဂျီမင်းခံစားမိလိုက်ရသည်။

ထိုကဲ့သို့ အားလုံး၏ နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်ဖြင့် စာသင်ခန်းထဲပုန်းကာ
အနမ်းဇာတ်ခင်းခြင်းမျိုးက မလုပ်သင့်သည့်အရာပေ။ အတော်လေးကို ရဲတင်းလို့နေမိကြသည်။

နှစ်ဦးသာမှာ အချိန်တစ်ခုကြာ ပူးပူးကပ်ကပ်ဖြင့်ရှိနေကြသည်။ လက်ကို ဖယ်လိုက်တော့ဖို့ စိတ်ကူးမိရပေမယ့် အကြည့်ချင်းဆုံလို့
သွားခဲ့ကြစဉ်မှာတော့ တစ်ဖက်လူ၏ ကြိုးစားထိန်းချုပ်နေသည့်ကြားက သိသိသာသာကို လွတ်ထွက်နေသည့် စိတ်ခံစားချက်တို့အား မြင်တွေ့လိုက်ရသည်။ ဘယ်လောက်ဖိချ ချုပ်ထိန်းထားထားကို
မရပါလေ။

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora