12

880 106 28
                                    

ကလေးလေးရဲ့ ပထမဆုံးသော ဂရုစိုက်မှုလေး

''ဆရာထန်စန်း ၊ ပန်ကာပိတ်လိုက်ပါလား''

အနုပညာ ဆရာမသည် မေးခွန်းစာရွက်များကိုလိုက်ကောက်နေရင်းမှ ပြောလိုက်လေသည်။

''အသံကအရမ်းဆူတော့ ခဏနေ အင်္ဂလိပ်စာ listening ပိုင်းဖြေရင် မကြားရဘဲနေလိမ့်မယ်''

ထန်စန်းသည် ခေါင်းကိုညိတ်ကာ ပန်ကာအား သွားပိတ်လိုက်တော့သည်။

အနုပညာဆရာမ၏ လက်ထဲတွင်တော့ မေးခွန်းစာရွက်တို့ကို ကိုင်ထားကာ သူမ၏ ရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် စားပွဲအောက်ခြေကို မြင်ရဖို့ရာ ခေါင်းအား
နည်းနည်းထပ်ငုံ့ရန် လိုပေသည်။

ဆရာမ၏ ငုံ့ကျလာတော့မည့် ခေါင်းအား မြင်မိတာနှင့် ဂျီမင်းမှာ ဓာတ်လိုက်သွားသကဲ့သို့ လက်ကို ဆတ်ခနဲ ဖယ်ပစ်လိုက်တော့သည်။

ဂျောင်ကု၏ တုံ့ပြန်မှုမှာ ပို၍ပင် နှေးသေးသည်။ သူသည် ဂျီမင်း၏ ခေါင်းငုံ့ပြီး
စာဆက်ဖြေနေသည်ကို မြင်ကာမှ မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း ထိုစက္ကူလုံးအား တဖန် လက်ထဲဆုပ်ကိုင်ထားလိုက်သည်။

အနုပညာဆရာမတစ်ယောက်မှာ မူမမှန်နေသည့် အခြေအနေအား သတိမထားမိလိုက်ချေ။ သူမသည် မေးခွန်းစာရွက်တို့ကို ကောက်ပြီးနောက် လေးဘက်လေးတန်းအား သုံး၊လေးကြိမ်ခန့် လှည့်ပတ်ကြည့်ပြီး
ဖတ်လက်စ စာအုပ်ကို ပြန်ဖွင့်လျက်
စာဆက်ဖတ်နေလေသည်။

ပန်ကာကြီးမှာလည်း တဖြည်ဖြည်းနှင့်
ရပ်တန့် သွားတော့သည်။ ဂျီမင်း၏ ရှေ့၌ လူ(၄)ယောက်ရှိနေသေးသည်။ ထိုညီအစ်ကို(၄)ယောက်သားမှာ စိတ်ထဲစိုးရိမ်ကြောင့်ကြလျက်ရှိသည်။ အဖြေသည် လက်ထဲ ရောက်မလာဘဲရှိရာ ဆက်လက်ပြီး လက်ဆင့်ကမ်းမလာပါက ကူဖို့ရန်ပင် အချိန်မရှိဘဲ နေတော့မည်။ ဤသို့ဖြင့် ရှေ့ဆုံးက
တစ်ယောက်မှာ သည်းမခံနိုင်တော့ဘဲ ခေါင်းလှည့်၍ နောက်က တစ်ယောက်အား အချက်ပြမိလေသည်။

'' ပစ္စည်းရော?''

နောက်ကတစ်ယောက်မှာလည်း'မသိဘူး'ဟု အချက်ပြကာ ထပ်ဆင့်အနောက်သို့လှည့်ကာမေးလိုက်သည်။

My Boyfriend In SectionC (Completed)  Dove le storie prendono vita. Scoprilo ora