5

1.3K 159 28
                                    

တန်းခွဲCက အစ်ကိုကြီးနှစ်ယောက်က သကြားလုံးတွေဝေနေတယ်ငါတို့က နှစ်ယောက်သတ်ကြမယ်ထင်ထားတာလေ!!!

ဂျီမင်းသည် ပစ္စည်းအကုန်လုံးကို နေရာချထားပြီးကာမှ အတန်းဘက် ထွက်လာခဲ့ခြင်းကြောင့် အချိန်အနည်းငယ် နောက်ကျလို့ သွားခဲ့ရလေသည်။ မထင်မှတ်ထားသည်မှာ အတန်းပိုင်သည် သူ့ထက်ပင်နောက်ကျလို့နေပါသေးသည်။

ဂျီမင်း ပြတင်းပေါက်ဘေးမှ ဖြတ်လျှောက်လိုက်သည်နှင့် ဆူညံပွက်လောရိုက်နေသည့် စာသင်ခန်းမှာ ရုတ်ချည်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အားလုံးသည်
ခါးကြောဆန့်ကာ မတ်မတ်ထိုင်လိုက်ကြပြီး မည်သည့်စာလုံးမှမရှိသည့် ရှေ့က ကျောက်သင်ပုန်းထက်ကိုသာစိုက်ကြည့်လိုက်ကြသည်။

''အတန်းဖော်တို့.. ကျွန်တော့်မျိုးရိုးနာမည်က
ကင်မ် နာမည်က နမ်ဂျွန်ပါ။ အများစုတော့
ကျွန်တော့်အကြောင်းကို သိထားကြပါလိမ့်။ ကျွန်တော်မနှစ်ကလည်း ပထမနှစ်ရဲ့ အခန်းFမှာ အတန်းခေါင်းဆောင်တာဝန်ယူခဲ့ပါတယ်၊ အတန်းတစ်တန်းကို တာဝန်ယူစီမံရတာက အတွေ့အကြုံတွေများစွာရရှိတာ ဟုတ်ပေမယ်လို့ ကျွန်တော်မျှော်လင့်မိတာကတော့ ခဏနေ အတန်းခေါင်းဆောင်ရွေးလာခဲ့မယ်ဆိုရင် ကျေးဇူး​​ပြုပြီးကျွန်တော့်ကို လုံးဝကို မ​ရွေးချယ်ကြဖို့ပါဘဲ.."

အားလုံးငြိမ်နေကြချိန်တွင် ထိုကျောင်းသားတစ်ဦးသည်သာ ပြတင်းပေါက်ကိုကျောပေးမက်တပ်ရပ်ပြီး စကားအဆက်မပြတ်
ပြောနေလေသည်။ အာသွက်လျှာသွက်ရှိလှပြီး စကားပြောစဥ်တွင် လက်ဟန်ခြေဟန်တွေပင်ပါသေးသည်။

''ကျွန်တော့်ကို မရွေးကြပါနဲ့၊ တစ်ခါမှအတန်းခေါင်းဆောင်မလုပ်ဖူးတဲ့လူတွေကို အခွင့်အရေးပေးကြတာပေါ့၊ ကျွန်တော်ကတော့ သူတို့တစ်တွေကို ​​နေရာ​ပေးဖို့
ပိုလိုအပ်လိမ့်လို့ထင်ပါတယ်၊ သူတို့လည်း အခွင့်အရေးရသွားတာပေါ့။''

ဘေးနားက ​ကျောင်းသားခမျာမှာတော့ သူ့အားပြတင်းပေါက်ဘက်ကို ကြည့်ရန် မျက်ရိပ်မျက်ခြေပြနေသော်လည်း
ထိုကင်မ်နမ်ဂျွန် ဆိုသည့်ကျောင်းသားမှာတော့ တစ်စက်ကလေးမှ အထာမပေါက်နေပေ။

My Boyfriend In SectionC (Completed)  Donde viven las historias. Descúbrelo ahora