အပိုင်း(၁)

8.2K 406 6
                                    

Unicode

// ဒီရာသီ အပျော်ဆုံးအချိန်
အတိတ်ရဲ့ပန်းချီ အိမ်မပြန်ချင်ပြီ
ရင်နာစွာ ပြန်လည်တွေးတိုင်း သတိရမိ
နှစ်ကိုယ်တူနီးချစ်ဖူးတဲ့တက္ကသိုလ်ဆီ

စိန်ပန်းနဲ့ကံ့ကော်ပွင့်တွေခင်းတဲ့လမ်းမှာ
လျှောက်ခဲ့ဖူးပါသည်။
အချစ်ဆုံးရဲ့ အပြုံးအရယ်လေးတွေ
စိတ်ကြည်နူးစရာ ပြန်မြင်ျယာင်နေသည်။

မှုန်ရီရီ မျက်ဝန်းဝေသီ
ခုတော့လေ သူမလာနိုင်ပြီ။
ဒီအချိန်ဆိုရင် ငယ်ချစ်ဦးလေးလွမ်းဦးမလား။
မဆုံနိုင်ရာ တစ်ချိန်တုန်းကချစ်သူဆီ။//

မမီမီရဲ့ သီချင်းသံလေး ရေဒီယိုလေလှိုင်းမှတစ်ဆင့် ပြန့်လွင့်လာခဲ့သည်။ အိမ်ရှေ့ ကံ့ကော်ပင်ခြေအောက် စာအုပ်တစ်အုပ်နှင့် ထိုင်နေရင်း သီချင်းသံကို နားစွင့်မိလိုက်သည်။

လက်ထဲက စာအုပ်ကလေးချကာ ပြန်မတွေးချင်ပါသော၊ ပြန်မဖော်ချင်ပါသော မှုန်ရီနေတဲ့ အတိတ်ပန်းချီကား တစ်ချက်ကို ဆွဲထုတ်မိခဲ့ချေပြီ။ ကံ့ကော်ပွင့်တွေကလည်း နွေဦးမို့ထင်သည်။ တစ်ပင်လုံးအခိုင်အခန့်နေရာယူလျက်သား။

မဆုံနိုင်တဲ့ အကြောင်းတရားတွေရှိခဲ့တော့လည်း ဝေးကွာခြင်းနဲ့အဆုံးသတ်ကြရတာဟာ အမှားတစ်ခုမဟုတ်ပါဘူးလေ။ အချိန်တိုင်းလိုလို၊ နေ့ရက်တိုင်းလိုလို အောက်မေ့မိတာတော့ ညာမရတဲ့ အမှန်တရားပါ။

_ဝေးကွာခဲ့ပြီးနောက် မင်း ဘယ်ဆီကိုများရောက်နေခဲ့တာလဲ_

*******************************

၁၉၉၆ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်......

တဂျုတ်ဂျုတ်မောင်းနှင်နေတဲ့ရထားပေါ် အေးစက်သောမျက်ဝန်းတို့နှင့်သူ။ ပြတင်း‌ကတစ်ဆင့်ဖြတ်ဝင်လာတဲ့ လေတို့က မျက်နှာအထက်ကူးလူးလျက်ရှိ၏။ စည်းနှောင်ထားသော ဆံနွယ်တို့ကလည်း လေမင်း၏ကျီစယ်မှုအောက်တွင်တဖျက်ဖျက်။ မြင်ကွင်းအတွင်းက ရောင်စုံပုံရိပ်တို့သည် သူ့အတွက်တော့ အသက်မဲ့စွာ ‌ဗလာကျင်းလျက်ပင်။

အေးစက်စက်မျက်နှာအထက် အရာရာဟာ အသက်မဲ့လှစွာ။ မှိုင်းနေတဲ့ မျက်ဝန်းတို့တွင် နာကျင်စရာတွေပါသည်။အားပြိုင်မှုတွေပါသည်။ မကျေနပ်ခြင်းတွေကလည်း မပါမဖြစ်။
ဒီဖြစ်တည်ခြင်းတွေသည် အကြောင်းအရင်းပြည့်စုံလျက်သာ။ ဒီအကြောင်းအရာတို့ကို သူအပါအဝင် လူသုံးယောက်ကသာ သိထားလေသည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now