အပိုင်း(၄၀)

2K 248 26
                                    

Unicode

သန်လျင်ရောက်တော့ အချိန်ကည၈ခွဲကျော်ကျော် ၉နာရီနီးနီး။ ဒီအချိန်မှာ မိုးကလည်းခပ်စိတ်စိတ်ရွာသွန်းလာသည်။ကားတံခါးဖွင့်လို့ ခြေစုံချရပ်လိုက်တော့ မိုးရေတွေကြား အမျိုးသမီးတစ်ယောက်ဟာ ထည်ဝါခြင်းတွေနဲ့။ ကပိုကရိုစည်းနှောင်ထားတဲ့ ဆံနွယ်တွေကမိုးရေကြောင့် မျက်နှာတည်တည်အထက် ကပ်ငြိနေသည်။ မျက်ဝန်းတွေဟာခပ်မှိုင်းမှိုင်းသာ။ ထိုမျက်ဝန်းမှိုင်းမှိုင်းထဲ တစ်စုံတစ်ခုကိုအပီအပြင်ဆုံးဖြတ်ချက်တစ်ခုချနှင့်ပြီးကြောင်းထင်ရှားနေသည်။ မိုးရေတွေစိုနေသည့် နှုတ်ခမ်းတစ်စုံဟာလည်း တင်းတင်းစေ့လို့။ ဒီအိမ်အနီကြီးရှေ့ မတ်တပ်ရပ်နေလိုက်မိသည်။ သို့သော်ငြား ခြံတံခါးခပ်ဟဟဖြစ်နေလို့ တွန်းကြည့်တော့ သော့ခတ်မထား။ မသိအောင်ဝင်လိုက်သလိုဖြစ်နေပေမယ့် အရဲစွန့်လို့ အိမ်မကြီးဆီလှမ်းလိုက်သည်။ အိမ်ထဲမှအလင်းရောင်မှိန်မှိန်အား ပြတင်းပေါက်မှတစ်ဆင့်မြင်တွေ့နေရ၏။ အိမ်မကြီးထဲမှဖြစ်ပျက်မှုတွေကိုတော့ညို့မသိခဲ့။

“နင်ငါ့ကိုစိန်ခေါ်နေတာလားမယ်!”

ထိုအသံဟာ ရွာနေသောမိုးသံကြား ကျယ်လောင်စွာပေါ်ထွက်လာခြင်းဖြစ်သည်။

“မယ့်ဘက်ကလိုက်နာပေးခဲ့တယ်လေ ဘာလို့ညို့ကိုထပ်ဒုက္ခပေးရတာလဲ”

“နင်သူ့ကိုလက်ခံစကားပြောတယ်လေ ဒီအိမ်အထိတောင်ရောက်လာတယ် ဒါကိုလိုက်နာတယ်ခေါ်တာလားမယ် ငါသေချာပြောထားပြီးသား ငါသတ်ပစ်ဖို့ဝန်မလေးဘူးဆိုတာ!”

“အဖေ!”

“ငါ့ကိုထပ်သွေးတိုးစမ်းရင် မနက်လင်းတာနဲ့ အဲ့မိန်းကလေး လောကကြီးထဲမရှိစေရဘူး နင်စိန်ခေါ်ရဲရင်လုပ်!”

ဦးမင်းရှင်စကားအဆုံး မယ်တစ်ယောက် ဒူးထောက်လိုက်ကာ ငိုယိုကာလက်အုပ်ချီမိုးတောင်းပန်တော့သည်။

“‌မလုပ်ပါနဲ့ မလုပ်ပါနဲ့အဖေရယ် မယ်လိုက်နာပါ့မယ်နော် မယ့်ကိုသနားပါအဖေရယ်~~ ညို့ကိုဘာမှမလုပ်ပါနဲ့နော် ဘာမှထပ်မလုပ်ပါနဲ့တော့နော်~~မယ်~~ကိုဥက္ကာနဲ့ကြည်ကြည်ဖြူဖြူလက်ထပ်ပါ့မယ်~~”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now